Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
March 15, 2025

ရေဖြူနဲ့ ရေးမြို့က စခန်းကုန်း ၂ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး အရာရှိ ၂ဦးအပါအဝင် ၁၄ဦးသေဆုံး၊ လက်နက်ခဲယမ်းများရရှိ

တနင်္သာရီတိုင်း ရေဖြူမြို့နယ် နဲ့ ရေးမြို့နယ်မြောက်ပိုင်း မော့ကနင်အနီးက စခန်းကုန်း ၂ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းသိမ်းတိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က အရာရှိ ၂ဦးအပါအဝင် ၁၄ဦးသေဆုံးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။ရေဖြူမြို့နယ် ကံပေါက်ဒေသ အတွင်းရှိ ရေကန်တောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ ဆက်သွယ်ရေးမိုက်ခရိုဝေ့(Microwave) တပ်စခန်းကုန်းနဲ့ ရေးမြောက်ပိုင်း အမှတ်(၈)ပြည်ထောင်စုလမ်းမပေါ်ရှိ လမိုင်းမှကမော့ကနင် လမ်းပိုင်း ကွမ်ကျိုက်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတို့ကို ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ဒေါနတပ်ရင်းနဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တို့က သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ရေဖြူမြို့နယ် ကံပေါက်ဒေသရှိ ရေကန်တောင် ဆက်သွယ်ရေးမိုက်ခရိုဝေ့(Microwave) တပ်စခန်းကုန်းကို ဒီဇင်ဘာ ၁၇ရက်မနက်ပိုင်းမှာ ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ရာ ( ၁ ) နာရီခန့်အကြာမှာ အဆိုပါ စခန်းကုန်းအတွင်း ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ပြီး အဆောင်များကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

၎င်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ဗိုလ်အဆင့်ရှိသူ (၁)ဦး အပါအဝင် (၆)ဦး သေဆုံးပြီး တပ်သား (၁)ဦး ဖမ်းဆီးရမိခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူတွေ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်ဒေါနတပ်ရင်းနဲ့ မဟာမိတ်တွေဖြစ်တဲ့ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် (TPLF)၊ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး ( DDPDF )၊ ရေဖြူ(ပကဖ)နှင့် သာဂရစစ်ကြောင်း တို့ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။စခန်းသိမ်းတိုက်ပွဲအတွင်း MA 11 (၃)လက်၊ ကပစ ၅.၅၆ကျည် (၅၇၈)တောင့်၊ (၆၀)မမ ကွန်မန်ဒိုစိန်ပြောင်း (၁)လက်၊ (၆၀)မမ ဗုံးသီး(၁၁)လုံး၊ (၄၀)မမဗုံးသီး(၃၆)လုံး၊ ရှေ့ထွက်မိုင်း (၃)လုံး၊ ကျည်ဘောက်များ ကွန်ပျူတာ(၁)လုံးနဲ့ ဖုန်းများသိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ခလရ (၂၇၃) တပ်ရင်းဗဟိုကင်းကိုလည်း Drone ဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က (၄)ဦး သေဆုံးကြောင်း ကနဦးသိရပါတယ်။အဲ့ဒီနေ့မှာပဲ တောင်ပိုင်းစစ်ဒေသ ဗျူဟာ (၃၃)စစ်ရေးလှုပ်ရှားရာ ရေးမြောက်ပိုင်း အမှတ်(၈)ပြည်ထောင်စုလမ်းမပေါ်ရှိ လမိုင်းမှကမော့ကနင် လမ်းပိုင်း ကွမ်ကျိုက်ကျေးရွာတွင်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ဒေါနတပ်ရင်းနဲ့ ပူးပေါင်းမဟာမိတ်တွေဖြစ်တဲ့ MSRF၊ NMSP-AD၊ KNLA၊ YRF၊ ရေး ပကဖ တို့ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ရာ ၎င်းစခန်းကုန်းကို သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့ပြီး ခမရ (၅၈၇) မှ ဗိုလ်ကြီးအဆင့်ရှိသူ (၁)ဦး အပါအဝင် (၄)ဦးသေဆုံးကာ (၇)ဦးဒဏ်ရာရရှိခဲ့သလို ဒေါနတပ်ရင်းမှ ရဲဘော် (၁) ဦး နဲ့ မွန်ပြည်သစ်ပါတီ အာဏာရှင်တိုက်ဖျက်ရေး NMSP-AD ရဲဘော် (၁)ဦး မြင့်မြတ်စွာကျဆုံးခဲ့ပြီး (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

You may have missed