Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
May 1, 2026

မင်းတပ်နဲ့ဖလမ်းက ခရိုင်၊ မြို့နယ်အဆင့်ရှိအရာရှိတွေအပါအဝင် ၁၆၀ ကျော်လက်နက်ချပြီး လက်နက်ခဲယမ်းအများပြားသိမ်းဆည်းရမိ

ချင်းပြည်နယ် မင်းတပ်မြို့နဲ့ ဖလမ်းမြို့နယ်မှာ ချင်းညီနောင်စစ်ဆင်ရေးဖော်ဆောင်အတွင်း ခရိုင်၊ မြို့နယ်အဆင့်ရှိအရာရှိများအပါအဝင် ၁၆၀ ကျော်လက်နက်ချပြီး လက်နက်ခဲယမ်းအများပြားသိမ်းဆည်းရမိခဲ့တယ်လို့ ချင်းညီနောက်က ထုတ်ပြန်လိုက်ပါတယ်။နိုဝင်ဘာလ ၉ ရက်နေ့က စတင်ဖော်ဆောင်ခဲ့တဲ့ ချင်းညီနောင်နဲ့ မဟာမိတ်တပ်တွေရဲ့ မင်းတပ်နဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲတွေအတွင်း စစ်ကောင်စီအရာရှိတွေနဲ့ အင်အားရာချီလက်နက်ချလာခဲ့တာဖြစ်ပါတယ်။မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း စစ်တပ်နဲ့ရဲ ပူးပေါင်းတပ်စွဲထားတဲ့ စံမင်းသီရိစေတီကုန်း၊ ဝန်ထမ်းအိမ်ရာလိုင်းခန်း(စံပြရပ်ကွက်)၊ ခရိုင်ဆောက်လုပ်ရေးဝန်း၊ တာဝါတိုင်ကုန်း၊ ဟိုတယ်(မင်းတပ်)၊ မြလေးပွင့်စေတီကုန်း၊ လေးမိုင်ကုန်းနှင့် မင်းတပ်ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝန်းတို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ရဲတပ်ဖွဲ့စုစုပေါင်း ၁၂၃ ဦးအပြင် ၎င်းတို့ မိသားစုဝင်တွေလည်း လက်နက်ချအညံ့ခံခဲ့ကြောင်း ချင်းညီနောင်က ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ မင်းတပ်မြိုု့အတွင်း ခလရ ၂၇၄ တပ်ရင်းတခုသာကျန်ရှိတော့ပြီး ချင်းညီနောင်က အပြင်းအထန်ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။အလားတူ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးမှာလည်း စစ်တပ်နေရာယူထားတဲ့ ဖလမ်းခရိုင်ရဲတပ်ဖွဲ့ရုံး၊ မြို့နယ်ရဲတပ်ဖွဲ့ရုံး၊ ဆောက်လုပ်ရေးရုံး၊ အထွေထွေအုပ်ချုပ်ရေးရုံးနဲ့ ဆေးရုံကုန်းနေရာတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်စုစုပေါင်း ၄၅ ဦးလက်နက်ချအညံ့ခံခဲ့ကြောင်းထုတ်ပြန်ချက်အရ သိရပါတယ်။လက်နက်ချလာတဲ့ အင်အားတွေနဲ့အတူ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိထားပြီး မင်းတပ်မြို့နဲ့ ဖလမ်းမြို့တို့ကို အလုံးစုံသိမ်းပိုက်နိုင်ရေးအတွက် ဆက်လက်တိုက်ပွဲဖော်ဆောင်နေတယ်လို့ သိရပါတယ်။

You may have missed