နိုဝင်ဘာ ၃၀ ရက်တုန်းက စစ်ကောင်စီရေတပ်ကဖမ်းလိုက်တဲ့ ထိုင်းငါးဖမ်းသမားလေးဦးအား ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက်ကြောင်း မြန်မာရေတပ်မှ သတင်းရင်းမြစ်တစ်ခုကို ကိုးကားပြီး ထိုင်းသတင်းများမှာ ဒီကနေ့ဖော်ပြခဲ့ကြသည်။ မြန်မာရေပိုင်နက်ထဲခိုးဝင်ပြီး မောင်းပြေးသည့်အတွက် ပစ်ခတ်ခဲ့သည်ဟု စစ်ကောင်စီဘက်က အဆိုပါသတင်းကို တုံ့ပြန်ထားသည်။...
