မန္တလေးတိုင်းအတွင်း မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်နေတဲ့ ပြင်ဦးလွင်ခရိုင် ပကဖရဲ့ အပတ်စဉ် က/၂၀၂၄ အခြေခံ စစ်ပညာသင်တန်းဆင်းပွဲကို ဒီဇင်ဘာလ ၅ရက်နေ့က ကျင်းပပြုလုပ်ခဲ့တယ်လို့ ပကဖအသံက ထုတ်ပြန်ပါတယ်။ပြင်ဦးလွင်ခရိုင် ပကအဖွဲ့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁) စစ်ဒေသလက်အောက်မှာရှိတဲ့...
Day: December 10, 2024
တပ်မြို့ ပြင်ဦးလွင်အတွက် မဟာဗျူဟာအရအရေးပါတဲ့ နောင်ချိုမြို့နယ် တောင်ခမ်းဒေသရှိ အမြေက်တပ်စခန်း ၃ခုနဲ့ ပြင်ဦးလွင်နောင်ချိုကြားက ဂန့်ကော်ရွာမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်ဘက်က ၁၅ဦးသေဆုံးတာအပြင် သုံ့ပန်း ၂၀နီးပါးနဲ့ လက်နက်တွေရရှိခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။TNLAဟာ တရုတ်ရဲ့ ကြားဝင်မှုကြောင့်...
ကိုယ်လွတ်ရုန်းပြေးတဲ့ မောင်တော နခခ ၅ရဲ့ စစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း အပါအဝင် စစ်အရာရှိကြီးတချို့ကို AA က အရှင်လက်ရ ဖမ်းဆီးရရှိခဲ့တယ်လို့ စစ်ရေးသတင်းအရင်းမြစ်တွေထံက သိရပါတယ်။မောင်တောမြို့နယ်မှာ နောက်ဆုံးခုခံကျန်နေတဲ့ အမှတ် ၅နယ်ခြားစောင့်စခန်း ၊...
ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဓာတုဗုံးကြဲချတိုက်ခိုက်ခဲ့လို့ တော်လှန်ရေးဘော်အချို့ ထိခိုက်ခဲ့တယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA)ထံက သိရပါတယ်။ပြီးခဲ့တဲ့ နိုဝင်ဘာလ(၃၀)ရက်နေ့မှစတင်ကာ ကျောက်ဂူဒေသမှာ နေ့တိုင်းနီးပါး ထိတွေ့တိုက်ပွဲတွေ ဆက်ဖြစ်နေတာ ဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က...
