ဖြစ်နိုင်သမျှ တိုက်ပွဲတွေ ရပ်တန့်ကြဖို့၊ ငြိမ်းချမ်းသောနည်းလမ်းကတစ်ဆင့် သဘောထားကွဲလွဲမှု တွေကို ဖြေရှင်းကြဖို့ တင်းမာမှုအရှိန်မြှင့်တာ ရှောင်ကြဉ်ကြဖို့ မြန်မာနိုင်ငံမှ သက်ဆိုင်ရာအဖွဲ့အစည်း တွေကို တိုက်တွန်းတယ်လို့ ၎င်းက ပြောပါတယ်။ကိုးကန့်တပ်ဖွဲ့ (MNDAA) က အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ပြီးနောက် တရုတ်နိုင်ငံရဲ့...
Day: December 6, 2024
ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုနဲ့ မင်းအောင်လှိုင်စစ်တပ်ကို တရားစွဲထားတဲ့ တရားလို ဂမ်ဘီယာနိုင်ငံဘက်ကနေ ရပ်တည်ပါဝင်လာတဲ့ နိုင်ငံပေါင်း ၈ ခုရှိလာပြီလို့ ICJ တရားရုံးက တရားဝင် သတင်းထုတ်ပြန်လိုက်ပါတယ်။ကမ္ဘာ့ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ ဂမ်ဘီယာနိုင်ငံက တရားလို ပြုပြီးတရားစွဲထားရာက အရင်က...
ရှမ်းမြောက် လောက်ကိုင်ဒေသမှာ ကိုးကန့်တပ် MNDAA ထိန်းချုပ်နယ်မြေအတွင်း ရာဇဝတ်မှု ကျူးလွန်သူ ၆ ဦးကို သေဒဏ်ချမှတ်ကာ ချက်ချင်း ကွပ်မျက်လိုက်တယ်လို့ MNDAA က ထုတ်ပြန်ပါတယ်။ဒီဇင်ဘာ ၅ ရက်နေ့က ရာဇ၀တ်မှုကျူးလွန်သူ ပြစ်ဒဏ်ချမှတ်နိုင်ရေး အများပြည်သူဆိုင်ရာ...
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် အနောက်ခြမ်း၊ နှောပင်ကျေးရွာအနီးမှာ စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး သေဆုံးများပြားခဲ့တာကြောင့် အင်အားထပ်မံဖြည့်တင်းပြီး စစ်ရေးတင်းမာနေတယ်လို့ စစ်တောင်းမြို့ပြပြောက်ကျားတပ်ဖွဲ့-NPT က သတင်းထုတ်ပြန်ပါတယ်။အင်အား ၁၀၀ ကျော်ပါ စစ်တပ် စစ်ကြောင်းဟာ ဒီဇင်ဘာလ ၅ ရက်နေ့ မနက်...
နွေဦးဖွံ့ဖြိုးရေးဘဏ်-SDG ဘဏ်က ဒုတိယအကြိမ်အဖြစ် အစုရှယ်ယာများရောင်းချလျက်ရှိရာ သတ်မှတ်ချိန်မတိုင်ခင် မျှော်မှန်းပမာဏ ဒေါ်လာ ၁၀သန်းဖိုးရောင်းချထားပြီလို့ သိရပါတယ်။နွေဦးဘဏ် ဒုတိယအကြိမ်အစုရှယ်ယာ ICO Round 2 ပရောဂျက်ကို နိုဝင်ဘာ ၁၅ရက်ကနေ ဒီဇင်ဘာ ၅ရက် ည၁၂နာရီအထိရောင်းချပေးမယ်လို့ သတ်မှတ်ခဲ့ပေမယ့်...
ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ထိန်းချုပ်နယ်မြေမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁လတာတိုက်ပွဲတွေအတွင်း တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးအပါအဝင် စစ်သား ၈၈ဦးသေဆုံးခဲ့တယ်လို့ KNU တပ်မဟာဌာနချုပ် က သတင်းထုတ်ပြန်ပါတယ်။နိုဝင်ဘာလ(၁)ရက်နေ့ကနေ နိုဝင်ဘာလ(၃၀)ရက်နေ့အထိ KNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ အမှတ်(၅)တပ်မဟာ၊ ပူးပေါင်းတပ်မဟာ၊ မဟာမိတ်စစ်သည်တော်များနဲ့...
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့ပေါ်နေ အရပ်သားပြည်သူများ၊ စစ်ကောင်စီလက်အောက်ခံတပ်သားများ၊ ပျူများအနေဖြင့် ဒီဇင်ဘာ ၃၁ရက်နောက်ဆုံးထားကာ ထီးလင်းမြို့ကို စွန့်ခွာကြဖို့ ထီးလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးခြုအဖွဲ့က သတိပေးစာထုတ်ပြန်လိုက်ပါတယ်။ထီးလင်းမြို့နယ်မှာ စစ်ဆင်ရေးများပိုမိုပြင်းထန်လာမှာဖြစ်တာကြောင့် သတ်မှတ်ရက်အတွင်း ထီးလင်းမြို့ပေါ်က ထွက်ခွာခြင်းမရှိပါက နောက်ဆက်တွဲကိစ္စရပ်တွေကို တာဝန်ယူမှာမဟုတ်ဘူးလို့ ဆိုပါတယ်။၊ထီးလင်းမြို့ပေါ်နေပြည်သူတွေအနေနဲ့...
