Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
April 30, 2026

ထီးလင်းမြို့ခံများ မြို့ကိုအမြန်ဆုံးစွန့်ခွာကြဖို့နဲ့ စစ်အုပ်စုနဲ့ ပျူများအမြန်ဆုံးအလင်းဝင်ကြဖို့ အထူးသတိပေးစာထုတ်ပြန်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့ပေါ်နေ အရပ်သားပြည်သူများ၊ စစ်ကောင်စီလက်အောက်ခံတပ်သားများ၊ ပျူများအနေဖြင့် ဒီဇင်ဘာ ၃၁ရက်နောက်ဆုံးထားကာ ထီးလင်းမြို့ကို စွန့်ခွာကြဖို့ ထီးလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးခြုအဖွဲ့က သတိပေးစာထုတ်ပြန်လိုက်ပါတယ်။ထီးလင်းမြို့နယ်မှာ စစ်ဆင်ရေးများပိုမိုပြင်းထန်လာမှာဖြစ်တာကြောင့် သတ်မှတ်ရက်အတွင်း ထီးလင်းမြို့ပေါ်က ထွက်ခွာခြင်းမရှိပါက နောက်ဆက်တွဲကိစ္စရပ်တွေကို တာဝန်ယူမှာမဟုတ်ဘူးလို့ ဆိုပါတယ်။၊ထီးလင်းမြို့ပေါ်နေပြည်သူတွေအနေနဲ့ စစ်ကောင်စီအခြေစိုက်နယ်မြေဖြစ်တဲ့ ထီးလင်းမြို့ကို စွန့်ခွာပြီး အမျိုးသားညီညွတ်ရေးအစိုးရ စိုးမိုးနယ်မြေတွေကို လာရောက်ခိုလှုံကြဖို့ နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ပျူစောထီးများအနေနဲ့ အမြန်ဆုံးပြည်သူ့ရင်ခွင်အလင်းဝင်ရောက်ကြဖို့ အသိပေးထားပါတယ်။

NUG ထိန်းချုပ်နယ်မြေအတွင်းရှိ ပြည်သူများ ပအဖ၊ ပကဖများ တပ်ရင်းတပ်ဖွဲ့များ အနေနဲ့ စစ်ကောင်စီအခြေစိုက်ထားတဲ့ ထီးလင်းမြို့ပေါ်မှာ နေထိုင်သူများအားလုံးကို နွေးထွေးစွာကြိုဆိုနေတယ်လို့ ဆိုပါတယ်။ထီးလင်းမြို့ပေါ်ရှိပြည်သူများ၊ စစ်အုပ်စုနဲ့ ပျူစောထီးများအနေနဲ့ ဖုန်းနံပါတ် ၀၉၂၅၈၁၂၆၂၉၅၊ ၀၉၈၈၉၀၆၂၆၄၅၊ ၀၉၈၉၈၆၉၇၆၆၉၊ ၀၉၂၆၈၃၇၁၁၀၃၊ ၀၉၂၆၁၀၂၄၈၂၅ကို ကိုဆက်သွယ်ပြီး အမြန်ဆုံးထွက်ခွာကြဖို့ ထီးလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အထူးသတိပေးထားပါတယ်။

You may have missed