Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
June 24, 2026

ကန့်ဘလူမြို့နယ် မန်ကျည်းကုန်းရွာအနီးတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၁၁ ဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိ

ကန့်ဘလူမြို့နယ် မန်ကျည်းကုန်းရွာအနီးတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၁၁ ဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရပါတယ်။ဒီဇင်ဘာ ၁၆ ရက်နေ့မနက် ၆ နာရီ ၂၀ မိနစ်က ကျွန်းလှမြို့နယ်၊ ကုက္ကိုကုန်းရွာ အထိုင်စခန်းကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးစစ်ကြောင်းနဲ့ ကန့်ဘလူခရိုင်အတွင်းရှိ တော်လှန်ရေးအင်အားစုတွေဟာ ကန့်ဘလူမြို့နယ် မန်ကျည်းကုန်းရွာအနီးမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုလက်က ၁၁ ဦးသေဆုံးပြီး၊ သေနတ် ၉လက်နဲ့ ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။တိုက်ပွဲမှာ တနေကုန်နီးပါး ဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အကျအဆုံးများလာတာကြောင့် တံတားဦးတက် Jet Fighter တစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ၂ကြိမ်ပြုလုပ်ကာ လေကြောင်းပါပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။တော်လှန်ရေးအင်အားစုတွေဘက်က Drone ၂ စီး ဆုံးရှုံးခဲ့ပြီး၊ ရဲဘော် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

You may have missed