ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းနဲ့ နယ်နမိတ်ချင်းဆပ်စပ်နေတဲ့ ဂွမြို့ရဲ့ ၃ပုံ ၂ပုံခန့်ကို သိမ်းပိုက်ထားနိုင်ပြီလို့ အာရက္ခတပ်တော် AA က ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပြောပါတယ်။ဂွမြို့နယ်အတွင်းက စစ်ကောင်စီတပ်တွေကို ထိုးစစ်ဆင်နေပြီး စစ်ကူလာတဲ့ တပ်မ ၁၁ လက်အောက်ခံတပ်ရင်းတွေနဲ့ အခြားသောတပ်ရင်းပေါင်းများစွာနဲ့လည်း တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်ဂွမြို့ပေါ်မှာ အခြေစိုက်ထားတဲ့ ခမရ ၅၆၃ တပ်ရင်းကို AA က သိမ်းပိုက်လိုက်ပြီး ခမရ ၅၆၂ တပ်ရင်းထဲက စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနဲ့ချီဟာထွက်ပြေးနေတယ်လို့ ဒေသတွင်းသတင်းမီဒီယာတွေက ဖော်ပြထားပါတယ်။စစ်ကောင်စီဟာ ဂွ – ငါးသိုင်းချောင်း ရိုးမလမ်း ရေနံ့သာလမ်းဆုံအနီးက အမှတ် (၃၄၄) အမြောက်တပ် အမတ-၃၄၄ကို လုံခြုံရေးအင်အားတိုးမြှင့်ပြီး လက်နက်ကြီး ပစ်ကူနေရသလို ဂွရိုးလမ်းပေါ်က ဒေါင်းချောင်းနဲ့ ဗေဒါစစ်ဆေးရေးဂိတ်ကိုပါ AA က သိမ်းပိုက်လိုက်ပြီလို့ စစ်ရေးသတင်းအရင်းမြစ်တွေထံက သိရပါတယ်။
ဂွ ကျဆုံးပါက စစ်ကောင်စီဟာ ဧရာဝတီကို အာရက္ခတပ်တော်နဲ့ PDF တွေ ဝင်ရောက်လာမှာစိုးရိမ်ပြီး တိုင်းအတွင်းက မြို့နယ်တွေမှာ လုံခြုံရေးတွေ အထူးတိုးမြှင့်ထားတယ်လို့ သိရပါတယ်။ဧရာဝတီတိုင်းထဲက ကွင်းကောက်၊ အင်္ဂပူ၊ မြန်အောင်၊ ကြံခင်းစတဲ့မြို့တွေအပြင် ဂွ-ငသိုင်းချောင်းကနေ ရေကြည်၊ အသုတ်၊ ကျောင်းကုန်းလမ်းခွဲစတဲ့ နေရာတွေမှာ လုံခြံရေးတိုးမြှင့်ပြီး တောက်လျှောက် ခံစစ်ပြင်နေတယ်လို့ သိရပါတယ်။ဂွမြို့ကို အပြီးသတ်သိမ်းပိုက်ပြီးပါက အာရက္ခဒေသအတွင်း စစ်တွေ၊ ကျောက်ဖြူ နဲ့ မာန်အောင်မြို့ (၃) မြို့သာ ဆက်လက်သိမ်းပိုက်ဖို့ ကျန်ရှိတော့မယ်လို့ AA က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။စစ်ရေးလေ့လာသူတွေကတော့ ဂွမြို့သိမ်းပိုက်ပြီးပါက အာရက္ခတပ်တွေ ဧရာဝတီကို ဝင်ရောက်တိုက်ခိုက်လာနိုင်ပြီး ပြည်တွင်းပိုင်းထိ ထိုးဖောက်လာနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ