Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
May 21, 2026

ဒီနေ့အောင်မြင်မှုဟာ ရခိုင်တမျိုးသားလုံးသာမက တော်လှန်ပြည်သူအားလုံးရဲ့အောင်ပွဲလို့ AA ပြော

ရခိုင်ပြည်နယ် အမ်းမြို့ရှိ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကြီးတစ်ခုလုံးကို သိမ်းပိုက်ရရှိပြီး တိုင်းဦးစီးချုပ်နဲ့ ဒုတိုင်းမှူးတို့ကို အရှင်လက်ရဖမ်းဆီးနိုင်ခဲ့တဲ့ အောင်ပွဲဟာ ရခိုင်တမျိုးသားလုံးသာမက စစ်ကောင်စီကို တော်လှန်နေကြသူအားလုံးရဲ့ အောင်ပွဲဖြစ်တယ်လို့ အာရက္ခတပ်တော် AAက ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပြောပါတယ်။နပခအတွင်းနောက်ဆုံးခုခံကျန်နေတဲ့ စစ်ကောင်စီတပ်အရာရှိတွေဖြစ်တဲ့ ဗိုလ်ကြီးအောင်စစ်နိုင်(ဆက်သွယ်ရေးအရာရှိ)၊ ဗိုလ်မှူးချုပ်ကျော်ကျော်သန်း(တိုင်းစစ်ဦးစီးချုပ်)၊ ဗိုလ်မှူးချုပ်သောင်းထွန်း(ဒုတိုင်းမှူး)နဲ့ အရာခံဗိုလ်အေးသိန်း(ရုံးအုပ်ချုပ်ရေးး)တို့ကို မနေ့က ဒီဇင်ဘာ ၂၀ရက်နေ့မှာ နပခကို သိမ်းပိုက်ချိန်အတွင်း လက်ရဖမ်းဆီးရမိကြောင်း မှတ်တမ်းဓာတ်ပုံနဲ့တကွ ထုတ်ပြန်ထားတာဖြစ်ပါတယ်။၎င်းတို့ဟာ နပခရဲ့မြေအောက်ခန်းထဲပိတ်မိနေပြီး စစ်ကောင်စီကလဲ လေကြောင်းကနေ ပေါင် ၁၀၀၀ဗုံးတွေကြဲချနေချိန် အလံဖြူထောင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို AAက ကယ်ထုတ်ချိန်မှာ ရာနဲ့ချီခုခံကျန်နေတဲ့ တိုင်းစစ်ဦးစီးချုပ်နဲ့အဖွဲ့လဲဖြစ်ပါတယ်။

မောင်တောအခြေစိုက် နခခ ၅စခန်းကို သိမ်းပိုက်စဉ်ကလည်း စခန်းကနေထွက်ပြေးတဲ့ စကခ ၁၅မှူး ဗိုလ်မှူးချုပ်သူရိန်ထွန်းနဲ့အဖွဲ့ကို AA က အရှင်လက်ရဖမ်းမိခဲ့ပါတယ်။ရခိုင်ပြည်နယ်အတွင်း ပလက်ဝမြို့၊ ပေါက်တောမြို့၊ မင်းပြားမြို့၊ မြောက်ဦးမြို့၊ ကျောက်တော်မြို့၊ မြေပုံမြို့၊ ပုဏ္ဏားကျွန်းမြို့၊ ရမ်းဗြဲမြို့၊ ရသေ့တောင်မြို့၊ ဘူးသီးတောင်မြို့၊ သံတွဲမြို့၊ တောင်ကုတ်မြို့ နဲ့ မောင်တောမြို့စတဲ့ မြို့ ၁၃မြို့ကို သိမ်းပိုက်ထားပြီးဖြစ်တာကြောင့် အမ်းမြို့ဟာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အပြည့်အဝ အလုံးစုံထိန်းချုပ်ထားနိုင်တဲ့ (၁၄) မြို့မြောက် မြို့ဖြစ်လာခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ကြောညာထားပါတယ်။ယနေ့အောင်မြင်မှုများမှာ ရက္ခိုင်ပြည်သူတစ်ရပ်လုံးရဲ့ အောင်မြင်မှုသာမဟုတ်ဘဲ ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီကို တော်လှန်နေကြတဲ့ တော်လှန်ရေးအဖွဲ့အစည်းများ တော်လှန်သော ပြည်သူတစ်ရပ်လုံးရဲ့ အောင်မြင်မှုအဖြစ် မျှဝေဂုဏ်ပြုအကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

You may have missed