Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
April 24, 2026

ပခုက္ကူရေလာလေးရွာ တိုက်ပွဲမှာ တော်လှန်တပ်တွေအနိုင်ရခဲ့ပြီး လက်နက်ခဲယမ်းပစ္စည်းများသိမ်းဆည်း

ဒီဇင်ဘာ ၁၁ ရက်နေ့ မနက် ၆ နာရီခန့်မှာ ပခုက္ကူမြို့နယ်၊ ရေလာလေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပျူအမည်ခံစခန်းကို တော်လှန်ရေးတပ်တွေဝင်တိုက်ပြီး သိမ်းယူနိုင်ခဲ့ကြပါတယ်။ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၁ နာရီခွဲကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၆ ဦးသေဆုံးကာ ၇ ဦးအရှင်ဖမ်းမိကြောင်း၊ လက် နက် ၁၈ လက်နှင့် ခဲယမ်းအများ အပြား သိမ်းဆည်းရမိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ဒီတိုက်ပွဲကို အမှတ် ၈ စစ်ကြောင်းဦးဆောင်မှုနဲ့ အခြားသောတော်လှန်တပ်များ ပူးပေါင်းခဲ့တာကြောင့် လက်နက်ကိုင်pdfတွေအခုလိုစုပေါင်းတိုက်ရင် မြန်မြန်ပြီးလာနိုင်မယ်ထင်ပါကြောင်း မြေငလျင် ပြည်သူ့ကာကွယ်ရေးတပ် မှ တာဝန်ရှိသူတဦးက ပြောပါတယ်။ အမှတ် ၈၁၅ တပ်ဖွဲ့၊ အနောက်မြောက်စစ်ဒေသမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံဖြစ်သူကလည်း “ရန်သူစစ်အုပ်စုကိုတိုက်ခိုက်ဖို့အတွက် မတူတာတွေဘေးဖယ်ပြီး တူတာတွေတွဲလုပ်ကြတယ်လို့ မြင်ပါတယ်” လို့ အောင်ပွဲနဲ့ပက်သက်ပြီး သုံးသပ်ထားပါတယ်။ ရေလာလေးတိုက်ပွဲအောင်မြင်ခဲ့ပေမယ့် စစ်ကောင်စီဘက်က လေကြောင်းဖြင့် ၄ ကြိမ်တိတိ ဗုံးကျဲပစ်ကူပေးခဲ့ခြင်းကြောင့် အမှတ် ၈ စစ် ကြောင်း အဖွဲ့ ဝင် ကျောင်းသားတော်လှန်ရေး တပ်ဖွဲ့ (SRF) မှ တပ်စိပ်မှူး ရဲဘော်ထောင့်မကျိုး (ခ) ရဲဘော်ဟိန်း မင်းခန့် နှင့် ပြည်သူ့လွတ်မြောက် ရေး တပ် မတော် (PLA) အနောက်မြောက်စစ်ဒေသ အထူးတပ်ဖွဲ့မှ ငါးမျိုးကောင်းစစ်သည်ဆုရ ရဲဘော် ကိုထက် တို့ ကျဆုံးခဲ့ရသလို တော်လှန်ရေးတပ်ဖွဲ့ဝင် ၃ ဦးနှင့် ဒေသနေပြည်သူ ၃ ဦး တို့လည်း ထိခိုက်ဒဏ်ရာရရှိသွားပါတယ်။

ပျူစောထီး တပ်စခန်းအတွင်းမှ ၆၀ မမ စိန် ပြောင်း ၁ လက် ၊ MA2 သေနတ် ၁ လက် ၊ MA3 သေနတ် ၁ လက် ၊ M2 ကာဘိုင် သေနတ် ၁၂ လက် ၊ရှော့ဂန်း ၃ လက် ၊ ၅ ဒသမ ၅၆ လက် လုပ် သေနတ် ၁ လက်၊ ကျည်ဘောက် ၁၀ ဘောက်၊ ကျည်မျိုးစုံ နှစ်ထောင် ဝန်းကျင် နှင့် စစ်အသုံး အ ဆောင် ပစ္စည်းတို့ကို သိမ်းဆည်းရမိပါတယ်။ မီးစက် ၁ လုံး၊ ရေစက် ၁ လုံး၊ ရွှေဆွဲကြိုး ၁ ကုံး၊ လက်စွပ် ၂ ကွင်း၊ နားကပ် ၁ ရံ၊ ရေခဲသေတ္တာ ၁ လုံး၊ ကား ၁ စီး၊ ငွေကျပ် ၁၄၅ သိန်း၊ ဒေါ်လာ ၁၀၂ ဒေါ်လာ၊ ထိုင်းဘတ် ၇၀ တို့ကိုလည်း သိမ်းပိုက်ရရှိခဲ့ကြောင်းမှတ်တမ်းများအရ သိရပါတယ်။အဲ့ဒီလိုတိုက်ခိုက်အောင်ပွဲအပြီးမှာပဲ အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးပြီး ရေလာကြီးရွာကို မီးရှို့ ဖျက်ဆီးနေကြောင်း အညာမြေ တပ်ပေါင်းစုအဖွဲ့မှ တာဝန်ရှိသူ တဦးက ပြောပြပါတယ်။ အကြမ်းဖက်အာဏာသိမ်းတပ်ဟာ ယနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်မှစတင်ပြီး ရေလာ‌လေးရွာနှင့် ကပ်လျက် တည်ရှိသော ရေလာကြီးရွာကို ဝင်ရောက် မီးရှို့ခဲ့ကြတာ ဖြစ်ပါတယ်။

“ ၁၁ ရက်နေ့ တိုက်ပွဲမှာ ခွေးတွေအထိနာတော့ ပတ်ရမ်းနေတာ ဖြစ်ကြောင်း ပြည်သူတွေ ထိခိုက်မှု အခြေအနေနဲ့ ကျေးရွာအတွင်း ပျက်စီးမှု အခြေအနေတော့ မသိရသေးဘူး” လို့ အညာမြေ တပ်ပေါင်းစုအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ အခုလို အောင်မြင်တဲ့ စစ်ဆင်ရေးကို အမှတ် ၈ စစ်ကြောင်း ဦးဆောင်မှုဖြင့် ကျောင်းသားလက် ရုံးတပ်တော် (SAF) ၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အနောက် မြောက်စစ်ဒေသ အထူးတပ်ဖွဲ့ ၊ Earthquake People’s Defense Force ၊ ပခုက္ကူခရိုင် (Local) တပ်ရင်းနှင့် Kamma Revolution Force တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါသည်။

You may have missed