ကချင်အထူးဒေသ ၁ရှိ ကန်ပိုက်တီမြို့နဲ့ တရုတ်-မြန်မာချစ်ကြည်ရေး ဥမင်လှိုဏ်ခေါင်းမှာ ကချင်အမျိုးသားအလံတော်ကို လွှင့်ထူထားပြီလို့ သိရပါတယ်။တရုတ်မြန်မာနယ်စပ်ရှိ ကန်ပိုက်တီမြို့ကို နိုဝင်ဘာ ၂၀ရက်မှာ KIA PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းယူလိုက်ပါတယ်။အဲ့လိုသိမ်းပိုက်ပြီးနောက် နိုဝင်ဘာ ၂၁ရက်နေ့မနက်ပိုင်းမှာတော့ ကန်ပိုက်တီမြို့က ဌာနဆိုင်ရာရုံးတွေနဲ့ ချစ်ကြည်ရေးလှိုင်ခေါင်းမှာ ကချင်အမျိုးသားအလံတော်လွှင့်ထူထားတဲ့ ရုပ်သံဖိုင်နဲ့တကွ KIA တပ်တွေ နယ်မြေရှင်းလင်းရေးလုပ်တောင်နေတာကို ကချင်စစ်ရေးသတင်းအရင်းမြစ်တွေက ဖော်ပြပါတယ်။
မြို့သိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံရှာဖွေ ရှင်းလင်းလျက်နေသလို ဖမ်းဆီးရရှိထားသော စစ်သုံ့ပန်းတချို့ကိုလည်း နိုင်ငံတကာ ဥပဒေများနှင့်အညီ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ဒါ့အပြင်လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့သလို တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ Non-CDM ဝန်ထမ်းများလည်းရှိနေတယ်လို့ သိရပါတယ်တရုတ်-မြန်မာကုန်သွယ်နေတဲ့ မြေရှားသတ္တု တူးဖော်ရေးလုပ်ငန်းတွေရှိပြီး ဦးဇခုန်တိန့်ယိန်းထိန်းချုပ်ခဲ့တဲ့ ကချင်အထူးဒေသ ၁ တစ်ခုလုံးဟာ ဟာ KIA လက်ထဲ ရောက်ရှိသွားပြီဖြစ်ပါတယ်။

More Stories
ပခုက္ကူရေလာလေးရွာ တိုက်ပွဲမှာ တော်လှန်တပ်တွေအနိုင်ရခဲ့ပြီး လက်နက်ခဲယမ်းပစ္စည်းများသိမ်းဆည်း
လေကြောင်းရန်နှင့်တရုတ်ရန် နှစ်ဖက်ညှပ်နေတဲ့ကြားမှာပဲ စစ်ကောင်စီကို အမြစ်ဖြတ်မယ်လို့ KIOဥက္ကဋ္ဌ က ထုတ်ပြောလိုက်ပြီး အန်ယူဂျီအစိုးရကလည်း တန်ဖိုးထား ကမ္ဗည်းတင်ကြောင်း သဝဏ်လွှာပါးလိုက်ပါတယ်
နေ့စဉ်ရုပ်သံသတင်းအစီအစဉ်- 11.8.2024