ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ခါချဉ်တောင်ပေါ် တက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲပြီးနောက် တိုက်ပွဲသတင်းကို သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ ၊ တပ်ခွဲ ၅ က နိုဝင်ဘာ ၂၉ ရက်၊ ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ထားတာ...
Day: November 29, 2024
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၄၃/၂၀၂၄) ကို နိုဝင်ဘာ ၂၈ ရက် မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ပါတယ်။ ထိုအစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ်က မိန့်ခွန်းပြောကြားရာ စစ်ရေးမှာသာ အသုံးစရိတ်ကိုပိုသုံးကြဖို့ အခုလို...
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ ဖမ်းဝရမ်းထုတ်ဖို့တောင်းဆိုချက်ကို တရားသူကြီးတွေက ဆုံးဖြတ်ရတော့မှာပါ။ ရုံးတော်ကိုလျှောက်ထားချက်တွေဟာ ပိုင်နိုင်ခိုင်လုံတဲ့စွဲချက်တွေဖြစ်ကြောင်းသိရပြီး နောက်ထပ် စွဲချက်တွေလည်း ထပ်လာဦးမယ်လို့ ရှေ့နေချုပ်ကဆိုထားပါတယ်။ စနစ်တကျအချိန်ယူပြင်ဆင်ထားတဲ့ စွဲချက်တွေဖြစ်လို့ တရားသူကြီးတွေဘက်က ဒီဖမ်းဝရမ်းလျှောက်ထားချက်ကို ပယ်ချမှာမဟုတ်ဘူးလို့လည်း သတင်းများက ဆိုပါတယ်။ ဒီသတင်းတွေဟာ ကမ္ဘာ့မီဒီယာတွေပေါ်မှာလည်းလူပြောသူပြောလည်း...
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ခါချဉ်တောင်ပေါ်တက်လာတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်လို့ ၄၀ခန့်သေဆုံးပြီး ၁၅ဦးခန့်ဒဏ်ရာရရှိသွားကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က ထုတ်ပြန်ပါတယ်။ပဲခူးရိုးမအတွင်းရှိ မြို့ချောင်း စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်း ခါချဉ်တောင်ပေါ်တက်လာတဲ့...
ရခိုင်-ဧရာဝတီအစပ် ဂွမြို့နယ်မှာ အာရက္ခတပ်တော်က မြို့သိမ်းတိုက်ပွဲဆင်နွှဲနေပြီး ဧရာဝတီကနေ ဂွကိုစစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ချေမှုန်းနိုင်ခဲ့တယ်လို့ ဒေသတွင်းအတင်းတွေအရ သိရပါတယ်။နိုဝင်ဘာ ၂၆ရက်နေ့မှာ ဂွမြို့နယ်ကို စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်းကို အာရက္ခတပ်တော် AA က ကြားဖြတ်တိုက်ခိုက်ခဲ့လို့ ၆၀ဝန်းကျင်သေဆုံးပြီး ဖမ်းဆီးရမိသူတွေ...
အမ်းမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကွပ်ကဲမှု လက်အောက်ရှိ တမိုင်ကုန်းစခန်းက တပ်ဆုတ်လာတဲ့ ဗိုလ်မှူးဇော်ထက်နောင် ဦးစီးစစ်တပ်စစ်ကြောင်းကို အမ်း-ပဒါန်းလမ်းပိုင်းမှာတိုက်ခိုက်လို့ ဖွဲ့စည်းပုံပျက်ပြီးထွက်ပြေးသွားပြီး ၂ဦးသေဆုံးကာ သုံ့ပန်း ၁၄ဦးဖမ်းမိခဲ့ကြောင်း ကျောင်းသားလက်ရုံးတပ်တော် SAF က ထုတ်ပြန်ပါတယ်။နိုဝင်ဘာ ၂၃ရက်နေ့မှာ...
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ပြင်ရှိစခန်းများအားလုံးသိမ်းပိုက်ပြီး မြို့ကိုအလုံးစုံထိန်းချုပ်ထားနိုင်ကာ မြို့တွင်းစစ်သားလုံးဝမရှိတော့ဘဲ AA က လုံခြုံရေးဆောင်ရွက်နေတာကြောင့် ပြည်သူပိုင်ပစ္စည်းခိုးယူသူတွေကို ဖမ်းမိခဲ့တယ်လို့ အာရက္ခတပ်တော် AA က ဒီနေ့ထုတ်ပြန်ပါတယ်။တောင်ကုတ်မြို့ပြင်ရှိစခန်းများအားလုံးအပြင် မြို့အတွင်းရှိ တောင်ကုတ်မြို့မ ရဲစခန်းကို နိုဝင်ဘာလ ၄ရက်နေ့မှ ၂၀ရက်အတွင်း (၁၇)...
