Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
March 16, 2025

နွားထိုးကြီးမြို့နယ် ပြင်စည်ရဲစခန်း နဲ့ တပ်စွဲအထိုင်ချရာ စာသင်ကျောင်းတို့ကို သွားရောက်တိုက်ခိုက်လို့ စစ်သား ၇ဦးသေဆုံး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပြင်စည်ရဲစခန်း နဲ့ တပ်စွဲအထိုင်ချရာ စာသင်ကျောင်းတို့ကို သွားရောက်တိုက်ခိုက်လို့ စစ်သား ၇ဦးသေဆုံးကြောင်း Natogyi People Defence Force ထံက သိရပါတယ်။မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ် ပြင်စည်လျှပ်စစ်ဓာတ်အားပေးခွဲရုံမှာ တပ်စွဲအထိုင်ချထားတဲ့ စစ်အင်အား(၃၀)ခန့်ကို ဒီဇင်ဘာ ၂ရက်နေ့ မနက် ၆နာရီခန့်ကစတင်ကာ Droneဖြင့် ၄ကြိမ်ကြဲချတိုက်ခိုက်ခဲ့ပြီး မြေပြင်တပ်တွေက လက်နက်ကြီးလက်နက်ငယ် တွေနဲ့ အနီးကပ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပြင်စည်ရဲစခန်း နဲ့ တပ်စွဲအထိုင်ချရာ စာသင်ကျောင်းတို့ကို ၆၀မမ လက်နက်ကြီးနဲ့ ၅ကြိမ်၊ ဒရုန်းဖြင့် ၂ ကြိမ်ကြဲချတိုက်ခိုက်ရာ တိုက်ပွဲချိန် ၁နာရီခွဲခန့် ကြာမြင့်ခဲ့ပြီး ရန်ကုန်-မန်းလေး အမြန်လမ်းမ ကနေ စစ်ကူကားများ‌ေရာက်ရှိလာတာကြောင့် တော်လှန်ရေးရဲဘော်များ အထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၇ဦးသေဆုံးပြီး ၈ဦးထက်မနည်းဒဏ်ရာရရှိခဲ့ကာ တော်လှန်ရေးရဲဘော်တွေဘက်က Fixed Wings Drone (၂)စီး ဆုံးရူံးခဲ့ရတယ်လို့ သိရပါတယ်။အဆိုပါတိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ် (၄-၁၀)နဲ့ MDDSတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

You may have missed