ရခိုင်နဲ့ မကွေးအစပ် အမ်း-ပဒါန်းလမ်းပိုင်းမှာ ဖမ်းမိခဲ့တဲ့ ဗိုလ်ကြီး ၁ဦးအပါ ၁၂ဦးရှိတဲ့ စစ်သုံ့ပန်းတွေကို ဆေးကုသပေးနေတယ်လို့ အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့က အသိပေးပါတယ်။အာရက္ခတပ်တော် (AA) ထိုးစစ်ဆင်မှုကို ခံနေရတဲ့ အမ်းမြို့နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှု လက်အောက်ရှိ တမိုင်ကုန်းစခန်းကနေ ဆုတ်ခွာလာတဲ့ ဗိုလ်မှူးဇော်ထက်နောင် ဦးစီးစစ်ကြောင်းက ဖမ်းမိခဲ့တဲ့ သုံ့ပန်းတွေဖြစ်ပါတယ်။
အဆိုပါစစ်ကြောင်းကို ကျောင်းသားလက်ရုံးတပ်တော်နဲ့အတူ မင်းဘူးခရိုင်တပ်ရင်း ၂နဲ့ အရှိုချင်းကာကွယ်ရေးတပ်တို့ က အမ်း-ပဒါန်းလမ်းတနေရာမှာ ပိတ်ဆို့တိုက်ခိုက်ခဲ့ဖြစ်ပြီး စစ်သား ၂ဦးသေဆုံးကာ ဗိုလ်ကြီး ၁ဦးအပါအဝင် ၁၂ဦးကို သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တာပါ။ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို ဆေးကုသမှုပေးနေပြီး ကျန်းမာရေး၊ နေထိုင်စားသောက်ရေးကအစ လိုအပ်တဲ့ ကိစ္စအဝဝကို ဖြည့်ဆည်းပေးပြီး စောင့်ရှောက်ထားတယ်လို့ အရှိုချင်းကာကွယ်ရေးတပ်က ဆိုပါတယ်။
အဆိုပါသုံ့ပန်းတွေနဲ့အတူ Laptop တစ်လုံး၊ Phone တစ်လုံး၊ MA-1 တစ်လက်၊ MA-3 တစ်လက် (5.56 ကျည် ၂၃ တောင့်)၊ Type-81 တစ်လက် (ကျည်ဘောက်မပါ)၊ ပစ္စတို တစ်လက် (ကျည် ၂၄ တောင့်) အားသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ဒါ့အပြင် ဒေသအသီးသီးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ မိမိတို့အပေါ် အနိုင်အထက်ပြုတဲ့ စစ်အာဏာရှင်တွေအတွက် အသေခံတိုက်ခိုက်မလား ထွက်ပြေးတိမ်းရှောင်ကာ ပြည်သူနဲ့အတူ ရှင်သန်ရပ်တည်မလားဆိုသည်ကို စဥ်းစားဆုံးဖြတ်စေလိုတယ်လို့ အရှိူချင်းကာကွယ်ရေးတပ် (ACDF)၊ New Society Army (NSA)၊ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA)တို့က ပူးတွဲသတင်းထုတ်ပြန်ထားပါတယ်။

More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ