Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
June 10, 2026

MDY PDF ထိန်းချုပ်ထားတဲ့ မတ္တရာအရှေ့ခြမ်းမှာ စစ်သား ၇ဦးသေဆုံး သုံ့ပန်း ၁ဦးနဲ့ လက်နက်အချို့ရရှိ

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)-MDY PDF က ထိန်းချုပ်စိုးမိုးထားတဲ့ မန္တလေးတိုင်း၊ မတ္တရာမြို့နယ် မှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို တိုက်ခိုက်လို့ စစ်သား ၇ဦးသေဆုံးပြီး သုံ့ပန်း ၁ဦးနဲ့ လက်နက်အချို့ရရှိခဲ့တယ်လို့ MDY PDF က သတင်းထုတ်ပြန်ပါတယ်။ဒီဇင်ဘာလ (၂)ရက်နေ့ ညပိုင်းမှာ MDY PDF ထိန်းချုပ်နယ်မြေ မတ္တရာမြို့နယ် အရှေ့ဘက်ခြမ်းရှိ မြို့ကုန်းကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်လာတာကြောင့် ဒီဇင်ဘာ ၃ရက်နေ့ထိ တနေကုန် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသွားရပြီး တိုက်ပွဲအတွင်း စစ်သား အလောင်း ၇လောင်း၊ စစ်သုံ့ပန်း (၁)ဦး နဲ့ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်များအကြား မတ္တရာမြို့နယ် ၊ သပိတ်ကျင်းမြို့နယ် နဲ့ နောင်ချိုမြို့နယ်တို့မှာ နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ မန္တလေးတိုင်းအတွင်းရှိ တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ပြန်လည်စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။စစ်ကောင်စီဟာ မတ္တရာ၊ သပိတ်ကျင်းနဲ့ နောင်ချိုမြို့နယ်တွေက လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ တပ်စခန်းတွေနဲ့ နယ်မြေများကို ပြန်လည်ရရှိဖို့ ကြိုးစားနေပေမယ့်လဲ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က အပြည့်အဝ ထိန်းချုပ်ထားဆဲဖြစ်တယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ရက်မှာ ထုတ်ပြန်အသိပေးထားပါတယ်။

You may have missed