တိုင်းရင်းသားလွတ်မြောက်နယ်မြေတွေ များပြားလာနေချိန်မှာ ဗမာတိုင်းရင်းသားတွေကလည်း စစ်အာဏာရှင်ကို အမြစ်ဖြတ်ရမယ့် အသိစိတ်နဲ့ လက်နက်မပြည့်စုံတဲ့ကြား တော်လှန်ရှေ့ဆက်နေကြပါတယ်
–
ဒီပဲယင်းကို ဝင်နေတဲ့ အုပ်စုဟာ ဘီလူးစစ်ကြောင်းအမည်ခံထားတဲ့ လူမဆန်တဲ့အုပ်စုဖြစ်ပြီး ခမရ ၇၀၈ နှင့် ခလရ ၁၁ ကဖြစ်ပါတယ်။ ဒီတပ်ဖွဲ့တွေဟာ ရွှေဘိုခရိုင် ရေဉီး ခင်ဉီး ဒီယဲယင်းနယ်တွေထဲကို ရွာစဉ်ပတ် လူသတ်လုယက်မီးရှို့မှု လက်ယဉ်နေကြသူများလည်း ဖြစ်ပါတယ်။
–
နဂါးနီပြောက်ကျားတပ်(မြင်းခြံ) ရဲ့ ရရာလက်နက်နဲ့ စစ်ကောင်စီကိုတိုက်ခိုက်နိုင်ခဲ့မှုမှာ ရန်သူ ၁၀ ဉီးကိုသုတ်သင်နိုင်ခြင်းနှင့်အတူ ရန်သူ့ထံမှ ဒရုန်းပရိုတစီး နှင့် ကျည်ဆံအနည်းငယ်သာ ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း တိုက်ပွဲဖော်ဆောင်အောင်မြင်မှုအပေါ် ပြည်သူများနှင့်အတူ ရဲဘော်တွေအားလုံးက ဂုဏ်ယူနေကြပါတယ်။
–
ဇန်နဝါရီလ ၁၇ ရက်နေ့ မနက် ၆ နာရီမှစတင်လို့ မြင်းခြံ ဘလက်တိုက်ဂါး MBT နှင့် ညီနောင်မဟာမိတ်တပ်တွေ ထွေအုပ်ရုံးတပ်စခန်းကို ကို တပြိုင်နက်ဝင်တိုက်ရာမှာ အသာစီးရယူနိုင်ခဲ့ပေမယ့် စခန်းသိမ်းနိုင်မှုမရှိခဲ့ပါဘူး။
–
အာရက္ခလမ်းစဉ်နဲ့ချီတက်နေကြတဲ့ AA တပ်တော်ကတော့ အင်အားချင်းတူရင် တိုက်စွမ်းရည်မရှိတဲ့ စစ်ကောင်စီအပေါ် အနိုင်ပိုင်း မြို့သိမ်းနိုင်မှုတွေ တိုးပွားလာနေပါတယ်။

More Stories
ပခုက္ကူရေလာလေးရွာ တိုက်ပွဲမှာ တော်လှန်တပ်တွေအနိုင်ရခဲ့ပြီး လက်နက်ခဲယမ်းပစ္စည်းများသိမ်းဆည်း
ကန်ပိုက်တီမြို့က ဌာနဆိုင်ရာရုံးတွေနဲ့ ရုတ်-မြန်မာချစ်ကြည်ရေး ဥမင်လှိုဏ်ခေါင်းမှာ ကချင်အမျိုးသားအလံလွှင့်ထူ
လေကြောင်းရန်နှင့်တရုတ်ရန် နှစ်ဖက်ညှပ်နေတဲ့ကြားမှာပဲ စစ်ကောင်စီကို အမြစ်ဖြတ်မယ်လို့ KIOဥက္ကဋ္ဌ က ထုတ်ပြောလိုက်ပြီး အန်ယူဂျီအစိုးရကလည်း တန်ဖိုးထား ကမ္ဗည်းတင်ကြောင်း သဝဏ်လွှာပါးလိုက်ပါတယ်