Categories

January 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
June 10, 2026

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ ထိုင်းတပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ တွေ့ဆုံဆွေးနွေး

(ဘာသာပြန်သတင်း)

ဇန်နဝါရီ ၁၇၊ VOR

အွန်လိုင်းလောင်းကစားနဲ့ အွန်လိုင်းလိမ်လည်မှုများကိုနှိမ်နင်းရန် ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးဖို့ မင်းအောင်လှိုင်နဲ့ ထိုင်းတပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ ပြီးခဲ့တဲ့သောကြာနေ့က အွန်လိုင်းကတဆင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း Thai PBS World သတင်းဌာနက ဖော်ပြပါတယ်။ စစ်ကောင်စီခေါင်းဆောင်နဲ့ ထိုင်းတပ်မတော် စစ်သေနာပတိ ဗိုလ်ချုပ်ကြီး Songwit Noonpackdee တို့အွန်လိုင်းတွေ့ဆုံပွဲမှာ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

“ဆွေးနွေးပွဲမှာ မူးယစ်ဆေးဝါး ပပျောက်ရေးနဲ့ အကြမ်းဖက်မှု နှိမ်နင်းရေးမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး၊ တရားမ၀င် ကုန်သွယ်မှု ပပျောက်ရေး၊ သတင်းဖလှယ်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး တို့အတွက် ကြိုးပမ်း ဆောင်ရွက်မှုတွေ ဆွေးနွေးခဲ့ကြတယ်’’ လို့ ဆိုပါတယ်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအတွက်လည်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မယ့် အစီအစဉ်တွေကို ဆွေးနွေးခဲ့ကြသော်လည်း အသေးစိတ်အချက်အလက်များကို ဖော်ပြထားခြင်းမရှိပါဘူး။

တိုင်းရင်းသားမဟာမိတ်အဖွဲ့တွေနဲ့ စစ်ကောင်စီကြား ဖြစ်ပွါးနေတဲ့တိုက်ပွဲတွေကြောင့် ထိခိုက်ခံစားရသူတွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ဖို့ ထိုင်းအာဏာပိုင်တွေက စစ်ကောင်စီဘက်ကခေါင်းဆောင်တွေနဲ့ ဆွေးနွေးနေတယ်လို့ ထိုင်းအစိုးရသတင်းရင်းမြစ်တွေက Thai PBS World ကိုပြောဆိုကြောင်း ဖော်ပြထားပါတယ်။ မြန်မာ-လာအို-ထိုင်းနယ်စပ်ရှိ တောမီးနဲ့နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူတွေကိုကိုင်တွယ်ဖြေရှင်းဖို့ ပူးပေါင်းကြိုးပမ်းမှုတွေကိုလည်း ဆွေးနွေးရာမှာပါဝင်ပါတယ်။

၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာ စစ်ကောင်စီနဲ့ အဆင့်မြင့် အစည်းအဝေးကို အာဆီယံနိုင်ငံများမှ ရှောင်ရှားခဲ့သော်လည်း ထိုင်းစစ်တပ်ကတော့ စစ်ကောင်စီနဲ့ အဆက်မပြတ် ဆက်သွယ်မှုတွေ ပြုလုပ်နေကြောင်း Thai PBS World သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ ထိုင်းတပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ တွေ့ဆုံဆွေးနွေ

You may have missed