Categories

January 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
June 10, 2026

ဒေါ်အောင်ဆန်းစုကြည် ၏နေအိမ်ကို ကျပ်သိန်းပေါင်း ၃,၁၅၀,၀၀၀ ဖြင့် လေလံတင်၊ တော်လှန်ပြည်သူများက Not for Sale လှုပ်ရှားမှုပြုလုပ်

ဇန်နဝါရီ ၂၆၊ VOR

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ အမှတ် ၅၄ နေအိမ်ကို အမေရိကန်ဒေါ်လာ သန်း ၉၀ မြန်မာကျပ်ငွေ သိန်းပေါင်း ၃,၁၅၀,၀၀၀ ဖြင့် လေလံ ကြမ်းခင်းစျေးကို စစ်ကောင်စီ တရား ရုံးက သတ်မှတ်အတည်ပြုပြီးနောက် လေလံပစ်မည်ဖြစ်ကြောင်း သိရသည်.

အဆိုပါ ကြမ်းခင်းဈေး သည် ဦးအောင်ဆန်းဦးက တင်ပြသည့်အတိုင်း တရားရုံးက အတည်ပြုခဲ့ခြင်းဖြစ်ပြီး ဒေါ်ခင်ကြည် အမည်ပေါက် အမွေဆိုင်ကို အမွေခွဲလိုသော ဦးအောင်ဆန်းဦးအား အမွေမှုတွင် စစ်ကောင်စီတရားရုံးက အနိုင်ပေးခဲ့သည်ဟု သိရသည်။

စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ပြည်ထောင်စုမိခင် ဒေါ်အောင်ဆန်းစုကြည်ကို ချစ်မြတ်နိုးသည့် တော်လှန်ပြည်သူများကလည်း “အမွေဆိုတာ ထိန်းသိမ်း စောင့်ရှောက်ရမည့်အရာဖြစ်သည်” ” Not for Sale”စသည့် ရုပ်ပုံလှုပ်ရှားမှုများ လူမှုကွန်ယက်တွင် ပြုလုပ်နေကြသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့တွင် စစ်ကောင်စီ ၏ ကမာရွတ်ခရိုင်တရားရုံးက အတည်ပြုခြင်းဖြစ်ပြီး စစ်ကောင်စီလက်အောက်ရှိ နေ့စဉ်ထုတ် သတင်းစာတွင် ကြော်ငြာပြီးနောက် လာမည့် မတ်လ ၂၀ ရက်နေ့ တွင် လေလံတင်မည်ဖြစ်ကြောင်း သိရသည်။ 

ဒေါ်အောင်ဆန်းစုကြည် ၏နေအိမ်ကို ကျပ်သိန်းပေါင်း ၃,၁၅၀,၀၀၀ ဖြင့် လေလံတင်၊ တော်လှန်ပြည်သူများက Not for Sale လှုပ်ရှားမှုပြုလုပ်

You may have missed