မွန်ပြည်နယ်အတွက် မွန်တပ်တော်ပေါ်ပေါက်လာရေး အကောင်အထည်ဖော်ဖို့ မွန်တော်လှန်ရေးတပ်ခေါင်းဆောင်တွေ သဘောတူညီမှုရခဲ့တယ်လို့ မွန်တော်လှန်ရေးတပ်တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။မွန်ပြည် လွတ်မြောက်ရေးတပ်တော် (MLA)၊ မွန်ပြည် ကာကွယ်ရေးတပ် (MSDF)၊ မွန်ပြည် တော်လှန်ရေးတပ် (MSRF) နဲ့ မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (MNLA-AD) က ပူးတွဲ ထုတ်ပြန်လိုက်တာပါ။မွန်တော်လှန်ရေးတပ်တွေရဲ့ စစ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အစည်းအဝေးကို ဒီဇင်ဘာလ (၁၈) ရက်နေ့က တော်လှန်ရေးနယ်မြေ တစ်နေရာမှာ ပြုလုပ်ခဲ့ပြီး အစည်းအဝေးကနေ မွန်တော်လှန်ရေးတပ်တွေ အားလုံး ပါဝင်တဲ့ တစ်ခုတည်းသော မွန်တပ်တော် ပေါ်ထွန်းလာရေးကို အကောင်အထည်ဖော်ဖို့ သဘောတူညီခဲ့ကြတယ်လို့သိရပါတယ်။အစည်းအဝေး ပထမအဆင့် အနေနဲ့ တပ်အဖွဲ့ (၄) ဖွဲ့က ပူးတွဲ စစ်ရေး လှုပ်ရှားမှုတွေပြုလုပ်ဖို့ သဘောတူညီမှုရခဲံ့တယ်လို့ သိရပါတယ်။

More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ