စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူသတ်ဓားပြတိုက်မှုဖြစ်ပွားခဲ့ပြီး မြို့နယ်ပလဖအဖွဲ့က မောင်းပြေးသွားတဲ့ကားကို ရှာဖွေနိုင်ခဲ့ကာ တရားခံတွေရဲ့အချက်အလက်တွေရရှိထားပြီးဖြစ်တာကြောင့် ရှာဖွေဖမ်းဆီးသွားမယ်လို့ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က အသိပေးထားပါတယ်။ဒီဇင်ဘာလ ၂၆ရက် မနက်အစောပိုင်းမှာ မုံရွာမြို့ပေါ်ရှိ နေအိမ်တစ်အိမ်အတွင်း လူသတ်ဓါးပြတိုက်မှုဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက် အဆိုပါနေအိမ်မှ (SGG 4D4110) Wish အဖြူရောင်ကားတစ်စီးကို ဓားပြအဖွဲ့က ယူဆောင်သွားရာ သက်ဆိုင်ရာနယ်မြေ တော်လှန်ရေးအဖွဲ့အစည်းတွေက လမ်းများပိတ်ဆို့ပြီး ရှာဖွေစစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ သတင်းပေးပို့ချက်အရ မုံရွာမြို့နယ် အက်တောရပ်ကွက် ကန်သာဘုန်းကြီးကျောင်းအရှေ့ဘက် ကွန်ကကရစ်လမ်းပေါ်မှာ ကျူးလွန်သူ တရားခံတွေဟာ လုယူမောင်းပြေးလာတဲ့ ကားကိုထားခဲ့ပြီး ထွက်ပြေးသွားတယ်လို့သိရပါတယ်။သက်ဆိုင်ရာကားပိုင်ရှင် ကျူးလွန်ခံရသူမိသားစုတွေအနေနဲ့ ၎င်းကားအား ပြန်လည်ယူဆောင်နိုင်ရန် မုံရွာပလဖ က ဖော်ထုတ်ပေးခဲ့ပေမယ့်လဲ စစ်ကောင်စီတပ်တွေဟာ စစ်ကောင်စီတပ်တွေဟာ အိမ်စီးကားတွေနဲ့ အဆိုပါနေရာပတ်ဝန်းကျင်ကို ကင်းပတ်နေတာကြောင့် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ ကားမှာ သော့မရှိလို့ ထားခဲ့ရကာ သတင်းအချက်အလက်များအရရယူပြီး ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။ကျူးလွန်သူတရားခံတွေရဲ့ သတင်းအချက်အလက်များအားလုံးကို မုံရွာမြို့နယ် ပလဖက ရရှိထားပြီးဖြစ်တာကြောင့် အမြန်ဆုံးရှာဖွေဖမ်းဆီးဖော်ထုတ်သွားမယ်လို့ အသိပေးထားပါတယ်။

More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ