မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတာအပြင် လေထီးမှာ စက်တွေတပ်ဆင်ပြီး ဗုံးကြဲမှုတွေ စတင်လုပ်ဆောင်လာတာကြောင့် အဆောက်အအုံအချို့ပျက်စီးသွားပြီး ဒေသခံအမျိုးသမီး ၂ဦးထိခိုက်သွားတယ်လို့သိရပါတယ်။တောင်သာမြို့နယ် ဇရပ်ကြီးရွာရှိ စာသင်ကျောင်းကို ဒီဇင်ဘာ ၂၅ရက်မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ၂ကြိမ်ဗုံးကြဲခဲ့တဲ့အပြင် စစ်ကောင်စီ လေတပ်နဲ့ ကကထုတ် လေထီးတပ် စက်တွေနဲ့ပါ စတင်တိုက်ခိုက်လာခြင်းဖြစ်တယ်လို့ တောင်သာမြို့လူထုလှူပ်ရှားမှုကော်မတီက အသိပေးထားပါတယ်။အဆိုပါဗုံးကြဲမှုကြောင့် စာသင်ကျောင်းနဲ့အဆောက်အအုံအချို့ ပျက်စီးခဲ့ပြီး အမျိုးသမီး ၂ဦးဒဏ်ရာရရှိကာ လာရောက်ဗုံးချတဲ့ လေထီးတွေဟာ မလှိုင်မြို့နယ်အခြေပြုနေရာတစ်ခုမှာ ဆင်းသက်သွားတယ်လို့သိရပါတယ်။
စစ်ကောင်စီဟာ လေယာဉ်ဆီပြတ်လပ်မှုကြောင့် အခုလို စစ်တပ်ထုတ် လေထီးတွေ ပိုမို အသုံးပြု လာနိုင်တာကြောင့် ပြည်သူတွေ အနေနဲ့ လေထီးတွေ လာရာ အရပ်ကနေ အချင်းချင်းအသိပေးကြဖို့ တောင်သာမြို့လူထုလှုပ်ရှားမှုကော်မတီတာဝန်ရှိသူတစ်ဦးက သတိပေးထားပါတယ်။လက်ရှိမှာ စစ်အုပ်စုဟာ မလှိုင်မြို့အဝင် ရုံးစည်ကြီးဘက် ထန်းတောဂိတ်မှာ ရဲနဲ့ စစ်သားအင်အားအများအပြားဖြင့် ဆိုင်ကယ် တူးဘောက်များ၊ လိုင်စင်များ၊ လိုင်းကားတွေပေါ်က ပြည်သူတွေကို အကြမ်းဖက်စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

More Stories
ငါန်းဇွန်မှာ စက်တပ်လေထီးနဲ့ရော လေယာဉ်နဲ့ပါဗုံးကြဲလို့ မိသားစုလိုက်သေဆုံးပြီး ၃ဦးမှာ အလောင်းပြန်မရနိုင်အောင်ပျက်စီးခဲ့
နခခ ၅တိုက်ပွဲမှာ စကစ Y 12 ကို ပစ်ခတ်နေတဲ့ AA ရဲ့ လေယာဉ်ပစ်လက်နက်
ဗန်းမော်မြို့ထဲ စစ်တပ်လေကြောင်းဗုံးကြဲလို့ ဗန်းမော်ရဲစခန်း၊ ဗန်းမော်ဈေးကြီးမီးလောင် ပျက်စီး၊ပြည်သူသေဆုံးမှုတွေရှိနိုင်