Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
March 25, 2025

ဒေသလွတ်မြောက်ရေးအတွက် ယော တော်လှန်ရေးတပ်တွေစည်းလုံးကြဖို့ နှိုးဆော်

မကွေးတိုင်းအတွင်းရှိ ယောဒေသလွတ်မြောက်ရေးအတွက် အရေးကြီးချိန်ရောက်ပြီဖြစ်လို့ ဒေသတွင်း တော်လှန်ရေးတပ်များအကြား စည်းလုံးညီညွတ်ရန်လိုအပ်ကြောင်း ယောတပ်တော်(YA) စစ်ရေးတာဝန်ခံ ဗိုလ်ဝေလက ပြောကြားလိုက်ပါတယ်။ တဆက်တည်းမှာပဲ ယောဒေသ လွတ်မြောက်ရေးအတွက် မဟာမိတ်တွေနဲ့ပူးပေါင်းပြီး စစ်ရေးအရှိန် မြှင့်သွားမယ်လို့လည်း ယောတပ်တော် (YA) ရဲ့ ဒီဇင်ဘာ ၂၄ ရက်နေ့ထုတ်ပြန်ချက်မှာ ပါရှိလာပါတယ်။ ယောတပ်တော်သည် ချင်းပြည်နယ် မတူပီ မြို့သိမ်းတိုက်ပွဲကစတင်ပြီး အာရက္ခတပ်တော် (AA) နဲ့ ချင်းညီနောင် ကာကွယ်ရေးအဖွဲ့တွေ အပါအဝင် မဟာမိတ်တွေနဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်နေတာဖြစ်ပါတယ်။ ချင်းပြည်နယ် လွတ်မြောက်မှုဟာ ယောဒေသ ပြည်သူတွေရဲ့ လုံခြုံမှုဖြစ်ပြီး ယောဒေသ လွတ်မြောက်မှုဟာလည်း အိမ်နီးချင်း မဟာမိတ်တွေရဲ့ လုံခြုံမှုဖြစ်တယ်လို့ ယောတပ်တော်က ဆိုပါတယ်။ ချင်းပြည်နယ်တွင်း မြို့နယ် ၉ ခုရှိပြီး မြို့နယ်ငါးခုကို ချင်းတော်လှန်ရေးတပ်များနဲ့ အေအေ တပ်တော်တို့ကသိမ်းပိုက်ထားပြီးချိန်ဖြစ်ပါတယ်။ ချင်းပြည်နယ်ရဲ့ ဟားခါးနဲ့ ထိစပ်နေတဲ့ ယောဒေသမှာ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်က ဂန့်ဂေါ၊ ထီးလင်းနဲ့ ဆောမြို့နယ်တို့ပါဝင်ကြပါတယ်။ “ကျနော်တို့ ဒေသအခြေအနေတွေအရ အဖွဲ့တွေ ကွဲနေပေမယ့် ဘုံရည်မှန်းချက် တူသူတွေဖြစ်ကာ တော်လှန်ရေး အစမှာ အတူတူ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြတာဖြစ်ကြောင်း၊ ခုလို မိမိဒေသ လွတ်မြောက်ရေးအတွက် အရေးကြီးနေချိန်မှာမှ မစည်းလုံးနိုင်ကြရင် ရှေ့ကအသက်တွေ ဘ၀တွေပေးနေတဲ့ ရဲဘော်တွေကို ဘယ်လိုစိတ်နဲ့ မျက်နှာချင်းဆိုင်ကြမလဲ”ဟု Yaw တပ်တော် YA မှ ဗိုလ်ဝေလက ပြောပါတယ်။ YA သည် အာရက္ခတပ်တော်(AA) ၊ချင်းညီ‌နောင်ကာကွယ်ရေးတပ်များ ၊ယောကာကွယ်ရေးတပ် (YDF) အခြားသော မဟာမိတ်များနှင့်အတူပူးပေါင်းပြီး ခမရ(၃၀၄) ၊ ခလရ (၁၄၀) စသည့် မတူပီအခြေချ စစ်ဗျူဟာ၊ မင်းတပ်မြို့ ခလရ(၂၇၄)နှင့် မင်းတပ်မြို့ရဲစခန်း သိမ်းတိုက်ပွဲများ၌ အတူပါဝင်တိုက်ခိုက်အောင်မြင်ခဲ့တဲ့ တပ်ဖွဲ့လည်း ဖြစ်ပါတယ်။လက်ရှိမှာလည်း ချင်းပြည်နယ် မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်းမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များဟာ ယောဒေသ၊ ကျောက်ထုမြို့နယ်အတွင်းရောက်ရှိနေချိန်မှာ အမြောက်တပ်က လက်နက်ကြီးများပစ်ကူပေး၍ လမ်းရှင်းပေးနေကြောင်း တော်လှန်ရေးအဖွဲ့များနှင့် ဒေသခံများထံမှ သိရပါတယ်။ စစ်ဆင်ရေးတစ်လျှောက် မဆုတ်မနစ်သော ဇွဲသတ္တိတို့ ဖြင့်တိုက်ပွဲဝင် ပေးဆပ်ခဲ့သောထိခိုက် /ကျဆုံး အာဇာ နည်များ ၊ အောင်ပွဲရတပ်မှူးများ နှင့် ရဲဘော်များအားလုံး၏ ဆင့်ကဲအမိန့်နာခံမှု ကောင်းမွန်ခြင်း ၊ လက်ရုံး ရည် /နှလုံးရည်ပြည့်ဝခြင်း တို့ကိုအထူးပင် လေးစားဂုဏ်ယူ အလေးပြုအပ်ပါသည်ဟုလည်း ယောတပ်တော် YA ရဲ့မနေ့က ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားသည်။

You may have missed