Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
May 1, 2026

နပခ ကျပြီးနောက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုက်ခိုက်ခံရ

-ပဲခူးတိုင်း၊ တောင်ငူမြို့အခြေစိုက် အကြမ်းဖက်စစ်တပ်ရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်-တပခ ကို ဒီဇင်ဘာလ ၂၂ ရက် နံနက်အစောပိုင်း ၁၂ နာရီ ၃၅ မိနစ်ခန့်တွင် Brave Warriors for Myanmar (BWM) အဖွဲ့က ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြပါတယ်။ အဆိုပါတိုက်ခိုက်မှုကြောင့် တပခ တိုင်းစစ်ဌာနချုပ် စစ်ဦးစီးဌာန စစ်ဆင်ရေး ရုံးခန်း မီးလောင်ပြီး အရာရှိ ၂ ဦး သေသွားသည်ဟု သိရကြောင်း၊တပခ စခန်းရုံးကိုထိမှန်ပြီး စခန်းရုံး အရာရှိ၂ ဦးနင့်အခြားအဆင့်စစ်သား ၈ ဦး သေဆုံးကြောင်း၊ အရာရှိငယ်နေအိမ် ၂ လုံးပြိုကျပျက်စီးပြီး အရာရှိ လိုင်းခန်းတွင်နေသူအချို့ ထိခိုက်သေဆုံးမှုအချို့ရှိကြောင်း၊ အိမ်စီးကား ၂ စီး နှင့် တပခစစ်မှုထမ်းသုံး လန်းဂျန်းကားတစ်စီး ပေါင်း ကားသုံးစီး မီးလောင်ပျက်စီးခဲ့သည်ဟု ကနဦးစုံစမ်းသိရတယ်လို့ တိုက်ခိုက်ခဲ့တဲ့ BWM အဖွဲ့က ဒီနေ့ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။ တိုက်ခိုက်မှုကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံး ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ၅ လုံး အောင်မြင်စွာ ထိရောက်ပေါက်ကွဲခဲ့ကြောင်း ဆိုထားပါတယ်။

ရှော့တိုက်ဒုံးပစ်ခတ်မှုမှာ Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် (MKCDF) အဖွဲ့၊ ACPLF နှင့် သံတောင်မြောက်ပိုင်း အထူးဒေသအဖွဲ့တို့ ပူးပေါင်းကာ BWM ၏ Mission 27 အဖြစ် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဗိဿနိုး (တောင်တွင်းကြီး) အဖွဲ့ က‌လည်း တဖက်လမ်းမှ ပါဝင်ကူညီအားဖြည့်ခဲ့ကြောင်း ထုတ်ပြန်ထားတာတွေ့ရပါတယ်။အာဏာရှင်အသိုင်းအဝိုင်းအနေနဲ့ နေ့စဉ်ခြိမ်းခြောက်ခံနေရပြီဆိုတာ ပြောချင်တယ်။ သူတို့အလုံခြုံဆုံးလို့ ယုံကြည်ထားတဲ့ စစ်တိုင်းဌာနချုပ်တွေမှာ နေထိုင်နေလည်း အချိန်မရွေးသေဆုံးနိုင်တယ်ဆိုတာ သတိပေးချင်တာဖြစ်တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုထားပါသေးတယ်။ အခုလို ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် မြန်မာပြည်ရဲ့ နေရာအနှံ့အပြားရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အစွမ်းကုန် ကြိုးစား တိုက်ခိုက်တဲ့ တော်လှန်ရေးအရွှေ့ အတွက် အကူအညီဖြစ်စေဖို့ ရည်ရွယ်တယ်လို့လည်း ထုတ်ပြန်ခဲ့ကြပါတယ်။ အခုတိုက်ခိုက်မှုမတိုင်ခင်က အောက်တိုဘာ ၅ ရက်နေ့ကလည်း BWM အဖွဲ့ဟာ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် (တပခ) ကို ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြသေးသည်။

You may have missed