မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကွရွာ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး စစ်တပ် စစ်ကူများကို ချေမှုန်းခဲ့ရာ စစ်ဗိုလ် ၁ ဦးအပါအဝင် ၁၄ ဦးသေဆုံးကြောင်း မြိုင်ပကဖမှ သတင်းထုတ်ပြန်ခဲ့ကြပါတယ်။ ထုတ်ပြန်ချက်ထဲမှာတော့ ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၆ နာရီအချိန် မှစ၍ မြိုင်မြို့နယ်၊ သရက်ကွရွာ ပျူစောထီးစခန်းကို တော်လှန် ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူပေး၍လည်းကောင်း၊ မြိုင်မြို့၌တပ်စွဲထားသော အင်အား ၁၅၀ ခန့်ပါ စစ်ကူစစ်ကြောင်းလွှတ်၍ လည်းကောင်း အပြင်းအထန်ခုခံခဲ့သော်လည်း ဒီဇင်ဘာလ ၂၁ ရက်နေ့တွင်အပြီးသတ် သိမ်းပိုက်ရရှိခဲ့ ကြောင်း ဆိုပါတယ်။
မြိုင်မြို့မှ စစ်ကူလာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဒီဇင်ဘာလ ၁၉ ရက် နံနက် ၇ နာရီခန့်တွင် တစ်ကြိမ်၊ မွန်းတည့် ၁၂ နာရီခန့်တွင် တစ်ကြိမ် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ် ကောင်စီတပ်မှ ဗိုလ် ၁ ဦးအပါအဝင် ၁၄ ဦးသေဆုံးကာ ၃၀ ခန့်အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး မြိုင်မြို့အတွင်းသို့ ပြန်ဆုတ်သွားကြောင်း သိရပါတယ်။ လေကြောင်းပစ်ကူလာရောက်တိုက်ခိုက်တာကြောင့် အရပ်သားနေအိမ် ၁၀ လုံးခန့်လည်းပျက်စီးသွားပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးမှာလည်း ပြည်သူလူထုအတွက် မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့ရပါတယ်။
အောင်မြင်ခဲ့တဲ့တိုက်ပွဲမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ တပ်တွေကတော့ မြိုင် ပကဖ ၊ပေါက် ပကဖ ၊ (မြိုင် ပေါက် ကမ္မ) ပကဖ တပ်ရင်း အမှတ် ၁ နှင့် ၂ ၊ ပခုက္ကူခရိုင် အမှတ် ၂ /၆/၇/၁၄/၁၅/၁၇ တပ်ရင်းများ ၊ အညာမြေတပ်ပေါင်းစု ၊ ကမ္မ တပ်ပေါင်းစု ၊ PLC တပ်ပေါင်းစု ၊ 8+ စုဖွဲ့မှု ၊ ပခုက္ကူစုဖွဲ့မှုတပ်ရင်း ၊ဝံပုလွေပြောက်ကျားတပ်ဖွဲ့ ၊ ဂဠုန်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ ၊ ဓားမင်းကြီးတပ်ဖွဲ့ ၊ ကိုအောင်ကြီးတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ပခုက္ကူခရိုင်အတွင်းမှာရှိတဲ့ အကြမ်းဖက်တပ်စခန်းများ လက်အောက်ခံစခန်းများကိုလည်း အရှိန်အဟုန်မြှင့်တိုက်ခိုက်သွားဦးမှာဖြစ်ကြောင်း သတိပေးထားပြီး အသက်မ သေလိုသူ ၊ အလင်းဝင်လိုသူ ၊ ကောင်းမွန်စွာ လုပ်ကိုင် စားသောက်လိုသူ ပျုစောထီးများ ၊ စစ်သား များအနေဖြင့် အမြန်ဆုံးအလင်းဝင် ပူးပေါင်းကြဖို့ကိုလည်း တိုက်တွန်းထားတာ တွေ့ရပါတယ်။

More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ