Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
November 7, 2025

ချင်းပြည်နယ် ကန်ပက်လက်ကိုတော်လှန်ရေးတပ်များ သိမ်းပိုက်

ချင်းပြည်နယ်တွင်းက ကန်ပက်လက်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်တွေ ဆုတ်ပြေးကြပြီဖြစ်လို့ ချင်းညီနောင် မဟာမိတ်ပူးပေါင်းတပ်တွေက ဒီဇင်ဘာ ၂၂ ရက်နေ့မှာပဲ ဝင်ရောက်နေရာယူ ထိန်းချုပ်လိုက်ကြပါပြီ။မနေ့က ဒီဇင်ဘာ ၂၁ ရက်နေ့မှာ စစ်ကောင်စီတပ်တွေဟာ မြေပြန့်ယောနယ်ဘက်ကို စတင်ဆုတ်ပြေးခဲ့ကြခြင်းဖြစ်ပြီး ဒါဟာ စစ်ကောင်စီအနေနဲ့ ချင်းပြည်တောင်ပိုင်းတခုလုံးကို လက်လွှတ်ခဲ့ရခြင်းဖြစ်တယ်လို့ ချင်းသတင်းရင်းမြစ်တွေက ဖော်ပြကြပါတယ်။ ကန်ပက်လက်ဟာ ယခင်ကတော့ ရဲစခန်းသာရှိပြီး အာဏာသိမ်းပြီးနောက်မှသာ စစ်တပ်ကလာရောက်တပ်စွဲနေခြင်းဖြစ်ပါတယ်။ စစ်ကောင်စီတပ်များ ဆုတ်ပြေးပြိးနောက် ကန်ပက်လက်ကိုဝင်ရောက် ထိန်းချုပ်လိုက်တဲ့ ချင်းညီနောင်တပ်များဟာ ကျင်ဒွေးမြို့ကို ဦးဆုံးသိမ်းယူနိုင်ခဲ့ကြတာဖြစ်ပြီး မတူပီ၊မင်းတပ်မြို့များကိုလည်း သိမ်းပြီးနောက်မှာခုတော့ စတုတ္ထမြောက်အနေနဲ့ ကန်ပက်လက်ကို ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

ကျင်ဒွေးမြို့ကို သိမ်းပိုက်စဉ်ကတော့ CDF Kanpetlet တပ်မှ ရဲဘော် ၁၄ ဦးပေးဆပ်ရင်းနှီးခဲ့ရတယ်လို့ ကန်ပက်လက်ဒေသခံ တဦးကဆိုပါတယ်။ ချင်းပြည်ကောင်စီ အဖွဲ့ဝင် CDF ကန်ပက်လက်နှင့် ကန်ပက်လက်ကောင်စီကလည်း ဒီဇင်ဘာ ၂၁ရက် ည ၁၂နာရီ ဝန်းကျင်တွင် ကန်ပက်လက်မြို့အား စစ်ကောင်စီတပ်များ စွန့်ခွာသွားကြပြီလို့ သတင်းထုတ်ပြန်ထားပါတယ်။လက်ရှိမှာတော့ ကန်ပက်လက်မြို့တစ်ခုလုံးတွင် ချင်းညီနောင် တပ်ဖွဲ့များသာ စိုးမိုးထားပြီး စစ်ကောင်စီတပ်စခန်းများကို နယ်မြေရှင်းလင်းရေးလုပ်နေကြောင်း သိရပါတယ်။ ချင်းပြည်နယ်တွင်းက စစ်ကောင်စီရဲ့စိုးမိုးမှုကတော့ ဟားခါး၊ တီးတိန်နဲ့ ခိုင်ကမ်းမြို့တို့သာ ရှိပါတော့တယ်။ ထန်တလန်နှင့် ဖလမ်းမြို့တို့မှာလည်း စစ်ကောင်စီနဲ့ ချင်းတော်လှန်ရေးတပ်တို့ တိုက်ပွဲပြင်းထန်နေကြပြီ ဖြစ်ပါတယ်။

You may have missed