Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
July 8, 2025

နပခထဲ အင်အားရာချီကျန်နေပြီး အလံဖြူထောင်ဖို့ AA ထပ်မံသတိပေး၊စစ်တပ်ဘက်ကပစ်တဲ့လက်နက်ကြီးကြောင့် အချင်းချင်းထိမှန်သေဆုံးမှုတွေရှိနေ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်း အင်အားရာနဲ့ချီကျန်ရှိနေပြီး အာရက္ခတပ်တော်က အလံဖြူထောင်ဖို့ သတိပေးနေတယ်လို့ သိရပါတယ်။စစ်တပ်ဘက်က ပစ်ကူပေးနေတဲ့လက်နက်ကြီးကြောင့် ကျန်နေတဲ့ စစ်သားတွေ အချင်းချင်းထိမှန်ပြီး သေဆုံးဒဏ်ရာရမှုတွေရှိနေတယ်လို့ အာရက္ခတပ်တော် AA က သတင်းထုတ်ပြန်ထားပါတယ်။တိုင်းစစ်ရုံးထဲမှာ အင်အား ရာချီခန့်ရှိနေတဲ့ စစ်သားတွေဟာ AA ထိုးစစ်ကို အသည်းအသန် ခုခံကာကွယ်နေရတဲ့အပြင် ရခိုင်ရိုးမတောင်တန်းပေါ်ကနေ လက်နက်ကြီးများဖြင့် တိုက်ပွဲရှိရာနေရာတွေကို အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေတာကြောင့် တိုင်းစစ်ရုံးအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များထံ ထိမှန်ကျရောက်ပြီး သေဆုံး၊ ဒဏ်ရာရရှိမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

အဆိုပါ အင်အားရာချီဟာ နပခရှိ မြေအောက်ခန်းတွေမှာ ပိတ်မိနေတာဖြစ်ပြီး အရာရှိကြီးတစ်ဦးက လက်နက်မချခိုင်းတာကြောင့် အနီးနားကစစ်သားတွေ လက်နက်မချရခြင်းဖြစ်ကြောင်း၊ ၎င်းတို့ကိုလာကယ်မယ့်လူကိုစောင့်နေတာဖြစ်ကြောင်း ဒေသတွင်းသတင်းတွေက ဖော်ပြကြပါတယ်။အလားတူ လေကြောင်းကနေလည်း မရပ်မနား တောက်လျှောက် ပစ်ခတ်တိုက်ခိုက်နေတာကြောင့် အမ်း၊ နပခမှာ မြေပြင်တိုက်ပွဲထက် စစ်တပ် လက်နက်ကြီး၊ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများကြောင့် တိုက်ပွဲမှာ ပြင်းထန်နေရခြင်းဖြစ်တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၁၈ရက်မှာလည်း အမ်း၊ နပခဝန်းကျင်မှာ လက်နက်ချ အလင်းဝင်ရောက်သူတွေ ဆက်လက်ရှိနေဆဲဖြစ်ပြီး စောစော အလံဖြူထောင်လျှင် စောစော အသက်ရှင်ကျန်ရစ်စေမှာဖြစ်ကြောင်း၊ မိသားစု၊ ဆွေမျိုးတို့နှင့် စောစော တွေ့ဆုံရလိမ့်မှာဖြစ်ကြောင်း AA က ထပ်မံသတိပေးထားပါတယ်။လက်နက်ချ အညံ့ခံ အလံဖြူထောင်သောသူတိုင်းရဲ့ အသက်ကို အာရက္ခတပ်တော်က အာမခံတယ်လို့ ဆိုပါတယ်။လက်ရှိမှာ မောင်တောနဲ့ တောင်ကုတ်မြို့ရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို တစ်ခုမကျန်သိမ်းပိုက်လိုက်ပြီးနောက် အမ်းမြို့ နဲ့ ဂွမြို့ရှိ စခန်းများကို တရစပ် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ AA က အသိပေးထားပါတယ်။

You may have missed