ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းပေါ်က လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးတို့ရဲ့ ခြံအမှတ် ၅၄ အမွေဆိုင်အမှုရဲ့ အိမ်နဲ့ ခြံ ကြမ်းခင်းလေလံစျေးကို ဦးအောင်ဆန်းဦးဘက်က ၁၀ ဘီလျံ လျှော့သတ်မှတ်ပေးဖို့ ပြီးခဲ့တဲ့ရုံးချိန်းတွေမှာ တရားရုံးကိုတင်ပြခဲ့ပေမယ့် တရားရုံးကပယ်ချပြီး ၃ဘီလျံသာလျှော့ချခဲ့တယ်လို့ သိရပါတယ်။ဒီဇင်ဘာ ၁၈ ရက် ကြားနာမှု ဦးအောင်ဆန်းဦးရဲ့ ၁၀ ဘီလျံ လျှော့ပေးဖို့ တင်ပြချက်ကို တရားရုံးက ပယ်ချခဲ့တာဖြစ် ပြီး ယခင်ကြမ်းခင်းဈေးငွေကျပ် ၃၀၀ ဘီလျံ ကနေ ၂၉၇ ဘီလျံ သတ်မှတ်ပြီး ၃ ဘီလျံသာ လျှော့ချသတ်မှတ်ပေးလိုက်တာပါဒါအပြင် ဦးအောင်ဆန်းဦးဟာ လေလံပွဲကို ခြံရှေ့မှာမလုပ်ဘဲ တရားရုံးမှာလုပ်ဖို့ နဲ့ အိမ်နဲ့ခြံအတွင်း ဝင်ရောက်ကြည့်ရှုခွင့် စတဲ့လျှောက်ထားချက် ၂ ခုကိုလည်း တရားရုံးကို လျှောက်ထားခဲ့ပေမယ့် တရားရုံးက ပယ်ချခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သမိုင်းဝင်အမွေဆိုင်အိမ်ကို ၃ကြိမ်မြောက်လေလံအဖြစ် ဖေဖော်ဝါရီ ၅ရက်မှာ ငွေကျပ် ၂၉၇ ဘီလျံနဲ့ လေလံကြမ်းခင်စျေးဖွင့်မယ်လို့ သိရပါတယ်။အိမ်ခြံမြေဈေးကောင်းနေတဲ့ ရန်ကုန်မြို့မှာ သမိုင်းဝင် ခြံအမှတ် ၅၄ အမွေဆိုင်အိမ်ရဲ့ လေလံကြမ်းခင်းစျေးကို တရားရုံးက ငွေကျပ် ၃၁၅ ဘီလျံသတ်မှတ်ပြီး ပထမအကြိမ်လေလံခေါ်ခဲ့တာမှာ လေလံဆွဲသူမရှိ ခဲ့တာကြောင့် ဘီလျံ ၃၀၀လျှော့ချရာမှာလဲ ဝယ်ယူသူမရှိခဲ့ရာ အခုတတိယအကြိမ် ဈေးတွေအကြိမ်ကြိမ်လျှော့ချပြီး ထပ်မံလေလံခေါ်ယူမှာဖြစ်ပါတယ်။အခုတရားရုံးက ဆုံးဖြတ်မယ့် နောက်ဆုံးအကြိမ်မှာတော့ ဦးအောင်ဆန်းဦးဘက်က ငွေကျပ် ဘီလျံ ၃၀၀ ကနေ ဘီလျံ ၂၉၀ ကို လျှော့ချပေးဖို့ ထပ်ပြီးတင်ပြတာဖြစ်ပြီး အဲဒီတင်ပြချက်ကို ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေဘက်က ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် နှစ်ဖက်ရှေ့နေတွေရဲ့ လျှောက်လဲချက်တွေကို တရားရုံးက ဒီကနေ့ ဒီဇင်ဘာ ၁၈ ရက်မှာ ထပ်မံကြားနာပြီးနောက် ဘီလျံ ၃၀၀ ကနေ ၂၉၇ ဘီလျံကို သတ်မှတ်ခဲ့တာဖြစ်ပါတယ်။လက်ရှိမှာလည်း အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမှုပေါင်း ၁၉ မှုဖြင့် စွပ်စွဲခဲ့ပြီး ထောင်ဒဏ် ၂၇ နှစ် ဆက်လက်ချမှတ်ထားကာ ရှေ့နေအဖွဲ့နဲ့လည်း လူချင်းတွေ့ဆုံခွင့် ဖြတ်တောက်ထားပါတယ်။အဆိုပါသမိုင်းဝင်ခြံအမှတ် ၅၄ဟာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတကာက သမ္မတတွေ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ရာနေရာဖြစ်သလို ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်မှာ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ရှည် နေအိမ်အကျယ်ချုပ်ထားခဲ့တဲ့ သမိုင်းဝင်နေရာလဲဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ခြံအမှတ် ၅၄ကို ကြားကာလ အမျိုးသားအဆင့်ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ထားပြီး မည်သူမဆို ပိုင်ဆိုင်ခြင်း၊ ရောင်းချခြင်း၊ ဖျက်ဆီးခြင်းအပါအဝင် တားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ပါက အရေးယူသွားမယ်လို့ ကြေညာထားပါတယ်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ