KNLA နှင့် ပူးပေါင်းတပ်တွေဟာ ကရင်အမျိုးသားအစည်းအရုံး – KNU ရဲ့ မူလ ဌာနချုပ်ဟောင်း မာနယ်ပလောကို ဝင်ရောက်သိမ်းပိုက်လိုက်ကြပြီး ထိုဒေသမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေလည်း အများအပြားသေဆုံးသွားပါတယ်။ ဒီသတင်းကို KNU ဗဟိုဌာနချုပ်၏ ပြောရေးဆိုခွင့်ရှိ သူ ပဒိုကလယ်စေးက ထုတ်ပြန်တာဖြစ်ပြီး “ ဒီဇင်ဘာ ၁၆ ရက်နေ့ မနက် ၁၀ နာရီခန့်မှာ တပ်မဟာ ၇ နယ်မြေ၊ ဌာနချုပ်ဟောင်း မာနယ်ပလောဒေသက စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ခြင်းဖြစ်ကြောင်း၊ တိုက်ပွဲမှာလည်း စစ်ကောင်စီတပ်သား အများအပြား သေဆုံးသွားပြီး လက်နက်မြောက်မြားစွာ သိမ်းဆည်းရမိကြောင်း “ သတင်းထုတ်ပြန်ထားပါတယ်။ အသေးစိတ်စာရင်းအတိအကျကို မကြာခင်အတည်ပြုနိုင်ဖို့ရှိပြီး လက်ရှိမှာတော့ စခန်းရှင်းလင်းနေတုန်းဖြစ်တယ်လို့ သိရပါတယ်။
မာနယ်ပလောကို လက်မလွှတ်ရဖို့ စစ်ကောင်စီဘက်က ပေါင် ၅၀၀ ဗုံး ၄ လုံး၊ ၂ ကြိမ်လာရောက်ကာကျဲချသွားတာကြောင့် KNLA ပူးပေါင်းတပ်ဘက်မှလည်း ကျဆုံးသူရှိကြောင်း သိရ ပါတယ်။ အရေအတွက်ကို တော့ မသိရပါဘူး။ မြန်မာစစ်တပ်ဟာ မာနယ်ပလောကို ၁၉၉၅ ခုနှစ်ကတည်းက ကျူးကျော်သိမ်းပိုက်ခဲ့ကြတာဖြစ်ပြီး စခန်းကြီး ၈ ခုနဲ့ ထိန်းချုပ်ခဲ့ကြပါတယ်။ ပွိုင့် ၉၁၃ နို့ဒေးစခန်း(ခေါ်) ၉၁၃ ဗျူဟာစခန်းကို နှစ် ၃၀ နီးပါးကြာပြီးနောက် ဒီဇင်ဘာ ၁၆ ရက်နေ့မှသာ ပြန်လည်ရရှိခဲ့တာပါ။ မာနယ်ပလောနယ်မြေက ပွိုင့် ၉၁၃ နို့ဒေးစခန်း၊ ကဆောဝါးလေးစခန်း၊ မြောက်ကုန်းစခန်း၊ သဒေါ့ဝါး လေးစခန်း၊ ကယ်ဂေါ်ကျိုးစခန်း၊ ဖူးလောကုန်းစခန်းတို့ KNLA ပူးပေါင်းတပ်မှ ၂၀၂၃ ခုနှစ်မှစတင်ကာ ဖြတ်တောက်ထားခဲ့ကြပါတယ်။ ပွိုင့် ၉၁၃ နို့ဒေးစခန်းကို ဒီဇင်ဘာလ ၁၆ ရက်နေ့ ညနေပိုင်းမှာ သိမ်းပြီးစဉ်မှာတော့ KNLA ပူးပေါင်းတပ်တွေဟာ မာနယ်ပလောနယ်မြေရှိစခန်းများအားလုံးကို ပြန်ရခဲ့ကြပါပြီ။ မာနယ်ပလောကို ကေအင်ယူက ၁၉၇၅ ခုနှစ်မှာ တည်ထောင်ပါခဲ့ပါတယ်။ မြန်မာစစ်တပ်က ၁၉၉၂ နှစ်မှာဝင်ရောက်ကျူးကျော်တာခံရပြီး ၁၉၉၅ ခုနှစ်တွင် ကေအင်ယူက ဌာနချုပ်ကို စတင်လက်လွှတ်ထားရတာဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးအတွင်း စစ်ကောင်စီပြုတ်ကျရေးတိုက်ပွဲများနှင့်အတူ ကေအန်ယူဟာ ခုတော့ နှစ်ပေါင်း ၃၀ နီးပါးကြာပြီးနောက် ပြန်လည် သိမ်းယူနိုင်ခဲ့ခြင်းပါ။ မာနယ်ပလောကို ၁၉၇၅ ခုနှစ်တွင် စတင်တည်ထောင်ပြီး KNU ဌာနချုပ်အထိုင်ချခဲ့ပါတယ်။ မြန်မာစစ်တပ် က ၁၉၉၂ ခုနှစ်တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၁၉၉၅ ခုနှစ် ဇန်နဝါရီလတွင် KNU ထံမှ သိမ်းပိုက်လိုက်ပါတယ်။ ခုဆိုရင် စစ်ကောင်စီတပ်ကသိမ်းပိုက်ထားသည့် မာနယ်ပလောရှိ KNU ဌာနချုပ်ဟောင်းကို KNLA ပူးပေါင်းတပ် များက နှစ်ပေါင်း ၃၀ နီးပါးကြာပြီးနောက် ပြန်လည် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ