Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
April 30, 2026

လားရှိုးကိုပြန်ပေးဖို့ စစ်ကောင်းစီတောင်းဆိုခဲ့ပြီး MNDAA ကပယ်ချခဲ့

ဒီဇင်ဘာ ၁၅ ရက်နေ့မှာလည်း တရုတ်နိုင်ငံကိုကြားခံထားပြီး MNDAA နှင့် စစ်ကောင်စီကိုယ်စားလှယ်တို့ ယူနန်ပြည်နယ် ကူမင်းမြို့မှာ ဆွေးနွေးခဲ့ကြပါတယ်။ အဲ့ဒီဆွေးနွေးပွဲမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုးကိုပြန်ပေးဖို့ MNDAA တပ်တွေထွက်ခွါပေးဖို့ တောင်းပန်မှုကို MNDAA ကပယ်ချလိုက်တယ်လို့ သိရပါတယ်။ MNDAA သတင်းအရင်းအမြစ်ထံမှသိရတဲ့အထဲမှာ “လားရှိုးပတ်ဝန်းကျင်ကို စစ်ကောင်စီကိုပြန်တောင်းကြောင်း၊ သုံ့ပန်းတွေထဲကလည်း အရာရှိတွေကိုပြန်ပေးဖို့ တောင်းဆိုတာရှိပြီး MNDAA ကလက်မခံဘဲ ပယ်ချလိုက်တာကြောင့် ထူးခြားမှုတစုံတစရာမရှိခဲ့ဘူးလို့ ဆိုပါတယ်။ နောက်ထပ်အခြားဆွေးနွေးချက်တွေရှိခဲ့ပေမယ့်လည်း သတင်းရင်းမြစ်က ထပ်မံ ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။ စစ်ကောင်စီနဲ့ အစည်းအဝေးကို MNDAA ဘက်က ဖုန်တာရွှင်၏ သားဖြစ်သူ နိုင်ငံခြားဆက်ဆံရေးဌာနမှူးကြီး ဖုန်ခွင်းက ဦးဆောင်ခဲ့တာပါ။ စစ်ကောင်စီဘက်ကတော့ အမှတ်(၁)စစ်ဆင်ရေး အထူးအဖွဲ့မှုး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးက ဦးဆောင်ခဲ့ပါတယ်။ အခုလိုလာားရှိုးကို မျက်နှာချင်းဆိုင် ပြန်တောင်းတာမလုပ်ခင်ကတာ့ စစ်ကောင်စီဟာ လားရှိုးမြို့ကို လေကြောင်းဗုံးကြဲမှုတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပါသေးတယ်။ ဒါ့အပြင် နောက်ထပ်ဖိအားပေးတဲ့အနေနဲ့ တရုတ်ကိုအကူအညီတောင်းပြီး နယ်စပ်ဂိတ်တွေ ပိတ်ပစ်တာမျိုးကိုလည်း စစ်ကောင်စီက ပြုလုပ်ခဲ့ပါတယ်။ အဖက်ဖက်က ဖိအားတွေကိုရင်ဆိုင်ရပြီးနောက်မှာတော့ MNDAA ဟာ ဒီဇင်ဘာ ၃ ရက်နေ့မှာ အပစ်ရပ်ကြောင်း ကြေငြာပြီး တွေ့ဆုံဆွေးနွေးကြဖို့ ကြေငြာချက်ထုတ်ခဲ့ပါတယ်။ ကေအိုင်အေနှင့် MNDAA တို့သာမက နောက်ထပ် TNLA နှင့် AA တပ်ဖွဲ့တွေလည်း စစ်ကောင်စီနဲ့ ဆွေးနွေးနိုင်ဖို့ တရုတ်က ကြားဝင်ကူညီနေကြောင်း သိရပါတယ်။ တအန်းတပ်ကတော့ စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ ကြေငြာထားပေမယ့် အေအေကတော့ လက်ရှိအချိန်မှာ တောင်ကုတ်နှင့်မောင်တောကိုသိမ်းပြီးတဲ့အပြင် အမ်းမှာရှိတဲ့ တိုင်းစစ်ဌာနချုပ်နှင့် ဂွမြို့တို့ကိုပါ ဆက်တိုက်သိမ်းဖို့ ကြိုးစားနေတာ တွေ့ရပါတယ်။ ဆွေးနွေးပွဲနှင့်အတူ တိုက်ပွဲတွေလည်း ဆက်ရှိနေကြချိန်ပါ။ ဒီဇင်ဘာ ၁၆ ရက်နေ့မှာတော့ AA ရဲ့ တိုက်ပွဲမှတ်တမ်းရုပ်သံမှာ နပခ မှာကျန်တဲ့လူတွေလက်နက်ချဖို့တိုက်တွန်းထားပါတယ်။ အလံဖြူပြဖို့နောက်ကျနေမယ်ဆိုရင်တော့ နှစ်သစ်ကူးခွင့်ရမှာ မဟုတ်ဘူးဆိုတဲ့ စာတန်းဟာ စစ်ကောင်စီအုပ်စုအတွက် မခံချိမခံသာဖြစ်စေခဲ့ပြီး တော်လှန်အင်အားစုတွေကတော့ နှစ်ထောင်းအားရဖြစ်နေကြတာ တွေ့ရသည်။

You may have missed