Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
March 15, 2025

တရုတ်နိုင်ငံဆွေးနွေးပွဲခရီးစဉ်မှာ KIO က မြေရှားသတ္ထုအကြောင်း ဆွေးနွေးခဲ့

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ တရုတ်ကိုသွားရောက်ပြီး အာဏာသိမ်းစစ်အုပ်စုကို KIO ကသွားရောက်တွေ့ဆုံခဲ့ပြီးနောက်မှာ ခုတော့ ဌာနေလိုင်ဇာကိုပြန်ရောက်ပါပြီ။ တရုတ်နိုင်ငံကို ဆွေးနွေးပွဲ သွားရောက်ခဲ့တဲ့အဖွဲ့ကို KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ဦးဆောင်ခဲ့တာဖြစ်ပြီး အဲ့ဒီအစည်းအဝေးမှာ တရုတ်အစိုးရနဲ့ နယ်စပ်တည်ငြိမ်ရေး၊ တိုက်ပွဲတွေ ရပ်ဆိုင်းရေးနဲ့ နယ်စပ်ဂိတ်ကိစ္စရပ်တွေအပြင် မြေရှားသတ္တုနဲ့ သက်ဆိုင်တဲ့ကိစ္စတွေလည်း ဆွေးနွေးခဲ့ပါတယ်။ ကေအိုင်အိုအဖွဲ့ ဆွေးနွေးပွဲတက်ရောက်နေစဉ်မှာပဲ ကေအိုင်အေ တပ်မတော်ကတော့ ဗန်းမော်နှင့် မံစီကိုသိမ်းနိုင်ဖို့ ဆက်လက်တိုက်ပွဲဝင်နေတာဖြစ်ပြီး ဒီရက်ပိုင်းတွင်းမှာပဲ ခေါင်လန်ဖူးဒေသက စစ်ကောင်စီလက်အောက်ခံစခန်းတွေကို သိမ်းပိုက်ထားတာ တွေ့ရပါတယ်။ ဒီဇင်ဘာ ၈ ရက်နေ့က ဆွေးနွေးပွဲတက်ရောက်ခဲ့တာကို KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုထားပါတယ်။ ဗိုလ်မှူးကြီးနော်ဘူက ဒီအကြောင်းကို ပြန်ပြောပြရာမှာ နယ်စပ်ဒေသတည်ငြိမ်ရေး၊ နယ်စပ်ဂိတ်ကိစ္စတွေကိုဆွေးနွေးခဲ့ပြီး ဆုံးဖြတ်ချက်တခုခု ချနိုင်ခဲ့တာမကြားရသေးဘူးလို့ သူကဆိုပါတယ်။ တဆက်တည်းမှာပဲ ဒီတခါတွေ့ဆုံခဲ့တဲ့ တရုတ်ဘက်က အဆင့်မြင့်ကိုယ်စားလှယ်ဟာ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့် (CPPCC) ဗဟိုကော်မတီအဖွဲ့ဝင် Wu Ken ဖြစ်ကြောင်းကိုလည်း အတည်ပြုထားပါတယ်။ ကချင်ကိုယ်စားလှယ်အဖွဲ့ တရုတ်ဆွေးနွေးပွဲခရီးစဉ်အတွင်းမှာပဲ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်တာရှိခဲ့ပေမယ့် လူနှင့်ကုန်ပစ္စည်းတွေကတော့ အရင်လိုပုံမှန်အခြေအနေမရှိသေးပါဘူး။ ကေအိုင်အေတပ်မတော်နှင့် တော်လှန်ရေးပူးပေါင်းတပ်တွေဟာ လျှပ်စစ်ကားတွေ၊ စမတ်ဖုန်းတွေ၊ လေစွမ်းအင်သုံး တာဘိုင်တွေမှာ အဓိကသုံးတဲ့ မြေရှားသတ္တုထွက်ရှိရာ ဒေသကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်။ အဆိုပါအထူးဒေသ ၁ နယ်မြေဟာဆိုရင် ကမ္ဘာမှာ မြေရှားသတ္တု အများဆုံးထွက်တဲ့ နေရာတခု ဖြစ်နေတယ်လို့ Global Witness က အစီရင်ခံစာတွေမှာ ဖော်ပြထားကြပါတယ်။ တရုတ်နိုင်ငံ ဆွေးနွေးပွဲမှာ မြေရှားသတ္တုထုတ်လုပ်တင်ပို့ရေးနဲ့ ပက်သက်ပြီး ဆွေးနွေးခဲ့တာ ရှိတယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူက သတင်းထုတ်ပြန်ခဲ့ပြီး အသေးစိတ်ကျကျဆွေးနွေးချက်တွေကို သူက မသိရသေးကြောင်း ပြောထားပါတယ်။

You may have missed