Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
April 20, 2026

ပခုက္ကူမြို့နယ်က ရေလာလေးအထိုင်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်လို့ စစ်သား ၆ဦးထက်မနည်းသေဆုံး၊ သုံ့ပန်း ၇ဦးနဲ့ လက်နက်ခဲယမ်းများရရှိ

မကွေးတိုင်း၊ ရေလာလေး စစ်တပ်စခန်းကိုဝင်ရောက်စီးနင်းတိုက်ခိုက်လို့ စစ်သား ၆ဦးထက်မနည်းသေဆုံးပြီး သုံ့ပန်း ၇ဦးနဲ့ လက်နက်ခဲယမ်းများရရှိခဲ့ကြောင်း ကျောင်းသားလက်ရုံးတပ်တော် က သတင်းထုတ်ပြန်ပါတယ်။ဒီဇင်ဘာ ၁၁ ရက် မနက် ၆ နာရီခန့်က စတင်ပြီး ပခုက္ကူမြို့နယ်ရှိ ရေလာလေး အထိုင်စခန်း နဲ့ ဘန်ကာတွေကို ကျောင်းသားလက်ရုံးတပ်တော်နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က တဆင့်ချင်း ဝင်ရောက်စီးနင်း တိုက်ခိုက်ချေမှုန်းခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။တိုက်ပွဲ ကြာချိန် တနာရီခွဲခန့် ကြာမြင့်ခဲ့ပြီး စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှု ၄ကြိမ်ပြုလုပ်ခဲ့ကာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၆ ဦးထက်မနည်း ကျဆုံးပြီး သုံ့ပန်း ၇ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ၆၀ မမစိန်ပြောင်း(၁)လက် ၊ MA2(၁)လက် ၊MA3 (၁)လက် ၊ M2 ကာဘိုင် (၁၂)လက် ၊ရှော့ဂန်း(၃)လက် ၊ 5.56လက်လုပ်(၁)လက် ၊ ကျည်ဘောက် (၁၀)ဘောက်၊ ကျည်မျိုးစုံ နှစ်ထောင်ဝန်းကျင် ခဲယမ်းပစ္စည်းများအပါအဝင် စစ်အသုံးအဆောင်ပစ္စည်းများလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။မဟာမိတ်ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၂ ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီ ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၃ ဦးနဲ့ ရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။အဆိုပါ စခန်းသိမ်းတိုက်ပွဲကို အမှတ် ၈ စစ်ကြောင်းဦးဆောင်မှုနဲ့ ကျောင်းသားလက်ရုံးတပ်တော် အပါအဝင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ အနောက်မြောက်စစ်ဒေသ အထူးတပ်ဖွဲ့ ၊ ပခုက္ကူခရိုင်(Local)တပ်ရင်း ၊ Kamma Revolution Force ပူးပေါင်းတပ်ဖွဲ့တို့ ပူးပေါင်း ပါဝင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

You may have missed