Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
May 24, 2025

ဖာပွန်အနီး အရေးပါစခန်းများကိုသိမ်းယူပြီး စစ်ကောင်စီတပ်သား ၁၆ ဦးကိုချေမှုန်းနိုင်

ကရင်ပြည်နယ် ဖာပွန်မြို့နယ်က စစ်ကောင်စီရဲ့ တောင်သုံးလုံးစခန်း၊ ဆင်စွယ်စခန်း နှစ်ခုကိုKNLA/PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပါတယ်။ တောင်သုံးလုံးစခန်းကို ဒီဇင်ဘာ ၁၁ ရက်နေ့ နေ့လည်ခင်းအချိန်မှာ သိမ်းယူတာဖြစ်ပြီး ဖာပွန်-ကမမောင်းကားလမ်းပေါ်မှာရှိတဲ့ ဆင်စွယ်စခန်းကိုတော့ ဒီဇင်ဘာ ၇ ရက်နေ့ကတည်းက သိမ်းယူထားတာပါ။အဆိုပါတိုက်ပွဲများမှာ ရန်သူစစ်ကောင်စီ ၁၆ ဦးထိကို တော်လှန်တပ်တွေချေမှုန်းနိုင်ခဲ့ပြီး ၁၂၀ မမကဲ့သို့ လက်နက်ကြီးများအပါအဝင် လက်နက်ခဲယမ်းသိမ်းပိုက်ရရှိခဲ့မှုများကိုလည်း မှတ်တမ်းဖိုင်များနှင့်တကွ ထင်ရှားစွာမြင်ကြရပါတယ်။ ရန်သူ ၁၆ ဦးသေဆုံးသွားတဲ့အပြင် အများအပြားဖမ်းမိတဲ့အထဲမှာ ဒုတပ်ရင်းမှူးတဦးကိုလည်း ဒဏ်ရာနှင့်တကွ ဖမ်းမိထားကြောင်း သိရပေမယ့် အတည်ပြုနိုင်ခြင်းမရှိပါဘူး။ သိမ်းဆည်းနိုင်ခဲ့တဲ့ လက်နက်တွေထဲမှာတော့ ၁၂၀ မမ လက်နက်ကြီး ၁ လက်၊ ၈၁ မမ လက် နက်ကြီး ၃ လက်၊ ၆၀ မမ လက်နက်ကြီး ၂ လက် အပါ အဝင် လက်နက်ငယ်များ၊ ခဲယမ်းများနှင့် မီးစက် ၃ လုံးတို့လည်း ပါဝင်ပါတယ်။ ဒီသတင်းကိုတောင်ပိုင်းစစ်ဒေသက သတင်းထုတ်ပြန်ခဲ့ပြီး သတင်းအရတော့ ဒီဇင်ဘာ ၄ ရက်နေ့ကတည်းက စတင်တိုက်ခိုက်ခဲ့တာလို့ ဆိုထားပါတယ်။

ပူးပေါင်းမဟာမိတ်တပ်တွေကတော့ ကရင်အမျိုးသားလွတ် မြောက် ရေးတပ်မတော် – KNLA ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF ၊ ဗမာပြည်သူ့လွတ်မြောက် ရေးတပ်တော် (BPLA) နှင့် Force For Federal Democracy – FFD အဖွဲ့တို့ ဖြစ်ကြကြောင်း သိရပြီး တော်လှန်ရေးရဲဘော်တဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ကေအန်ယူ တပ်မဟာ ၅ နယ်မြေက ရန်သူစခန်းကုန်းတွေကို ပူးပေါင်းတပ်တွေက တဖြည်းဖြည်း ပိတ်ဆို့ချေမှုန်းနေခြင်းဖြစ်ပြီး ပြီးခဲ့တဲ့နိုဝင်ဘာ ၉ ရက်နေ့ကလည်း ဖာပွန်မြို့နယ်မှာရှိတဲ့ ကူးဆိပ်တံတားလုံးခြုံရေးစခန်းကိုလည်း သိမ်းယူနိုင်ခဲ့ကြပါတယ်။ထိုစဉ်ကလည်း စစ်ကောင်စီဘက်မှရှစ်ဦးသေဆုံးပြီးလက်နက်ကြီးနှစ်လက်၊ မောင်းပြန်ရိုင်ဖယ်သုံးလက်၊ကျည်ဖူး(၂၇)လုံး၊ ၆၀မမကျည်ဖူး(၂၂)လုံး၊ ဒရုန်းဖျက် ဂျမ်မာသုံးခုနှင့်မောင်းပြန်ရိုင်ဖယ်ကျည်တောင့်၂၀၀၀ကျော်သိမ်းဆည်းရမိခဲ့သေးတယ်လို့ KNU ကသတင်းထုတ်ပြန်ထားပါသည်။

You may have missed