မကွေးတိုင်း ပေါက်မြို့နယ်၊ မြိုင်မြို့နယ်နဲ့ ပခုက္ကူဒေသမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်သားနဲ့ပျူစုစုပေါင်း ၁၇ဦးသေဆုံးကာ ဒဏ်ရာရသူများပြားတယ်လို့ မြိုင်ပကဖက သတင်းထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့ နိုဝင်ဘာလနဲ့ အခုဒီဇင်ဘာ လဆန်းအတွင်း အဆိုပါဒေသတွေက တော်လှန်ရေးအင်အားစုများ၊ ပကဖ တပ်ရင်း အမှတ်(၁)၊ (၂) တို့နဲ့ပူးပေါင်းပြီး စစ်ကောင်စီတပ်၊ ပျူစောထီးပူးပေါင်းစစ်ကြောင်းနဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။င်မြို့နယ် မီးသတ်ရုံးရှေ့နဲ့ မြို့တွင်းရိက္ခာပို့ထွက်လာတဲ့ စစ်သားတွေကို တိုက်ခိုက်မှုအပြင် မြိုင်မြို့နယ်တွင်းမနဲ့ ကန်နီပျူစောထီးရွာတွေကို တိုက်ခိုက်ခဲ့သလို ပခုက္ကူမြို့နယ် အောင်သာပျူစောထီးရွာနဲ့ ပခုက္ကူ-ကမ္မဒေသ၊ ကန်တော်ကျေးရွာစစ်တပ်ဂိတ်တို့်ကို တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပျူစောထီးအားကောင်းတဲ့ ပေါက်မြို့နယ် မြောက်ပိုင်း ဇီးပြား-တရော်ကိုင်းပျူစောထီးရွာများကို Drone နဲ့တိုက်ခိုက်မှုကြောင့် ပျူစောထီးတချို့ သေဆုံးခဲ့ပြီးသစ်ချိုကုန်း၊ပင်တောင်၊တပ်ကုန်း၊ရွာသစ် ပျူစောထီးပူးပေါင်းအင်အားတွေနဲ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ပျူစောထီးတွေ အများအပြားသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။တိုက်ပွဲတွေအတွင်းစစ်သားနဲ့ပျူစုစုပေါင်း ၁၇ဦးခန့်သေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွေကို မြိုင် ပကဖ၊ ပေါက် ပကဖ၊ ကမ္မတပ်ပေါင်းစု၊ ပကဖ အမှတ် (၁၊ ၂) တပ်ရင်း၊ပခုက္ကူခရိုင် အမှတ် (၁၊၂၊၅၊၆၊၇၊၁၇) တပ်ရင်းများ၊ PLC တပ်ပေါင်းစု၊ အညာမြေတပ်ပေါင်းစု၊ ဧရာဒေါင်းတပ်ဖွဲ့၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ဒေသအလိုက် အတူတကွပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။တော်လှန်ရေးတပ်တွေဟာ မကွေးတိုင်းအတွင်း ကျောက်ခွက်၊ လက်ပံတို၊ ပုထိုးလုံနဲ့ စပယ်-သာကြီးတောင် စတဲ့ ရေနံမြေ ၄ခုနဲ့ ပျူစောထီးရွာအချို့ကို သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ