ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဓာတုဗုံးကြဲချတိုက်ခိုက်ခဲ့လို့ တော်လှန်ရေးဘော်အချို့ ထိခိုက်ခဲ့တယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA)ထံက သိရပါတယ်။ပြီးခဲ့တဲ့ နိုဝင်ဘာလ(၃၀)ရက်နေ့မှစတင်ကာ ကျောက်ဂူဒေသမှာ နေ့တိုင်းနီးပါး ထိတွေ့တိုက်ပွဲတွေ ဆက်ဖြစ်နေတာ ဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ဒရုန်းနဲ့ ဓာတုဗုံးများကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာလ(၇)ရက်နေ့ ညနေ(၄)နာရီအချိန်မှာ စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဓာတုဗုံးချတိုက်ခိုက်ခဲ့မှုကြောင့် DPLAပူးပေါင်းတပ်ဖွဲ့က ရဲဘော်များ ဓာတုအဆိပ်သင့် မူးဝေအော့အန်ခြင်းများရှိခဲ့တယ်လို့ သိရပါတယ်။ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA)ဟာ ကျောက်ဂူဒေသမှာ စစ်ကောင်စီနယ်မြေခံတပ်များ ဖြစ်တဲ့ ကျောက်ဂူအမြောက်တပ်( အမတ ၃၄၉)၊ နောင်ဝိုးတပ် (ခလရ ၂၉၂)နဲ့ နောင်ချိုမြို့နယ် တောင်ခမ်းဘက်ကို ရပ်စောက်ဘက်ကနေ စစ်ကူသွားတဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်တယ်လို့ သိရပါတယ်။
More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ