Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
May 1, 2026

ကချင်ပြည်နယ် ဒုတိယမြို့တော် ဗန်းမော်မြို့သိမ်းတိုက်ပွဲဆက်လက်ပြင်းထန်

ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော် ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၂၁ကို KIA က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းအရင်းမြစ်တွေထံက သိရပါတယ်။ဗန်းမော် ရဲစခန်း၊ ထွေအုပ်ရုံး၊ ဟိုတယ်များအနီး၊ ကန်ဦးကျောင်းအနီးနဲ့ လေယာဉ်ကွင်း၀န်းကျင် အပါအဝင် အမှတ် ၂၁ စစ်ဆင်ရေကွပ်ကဲမှုဌာနချုပ် စကခ (၂၁) အနီးမှာ တိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အခြေစိုက်ရာ ဗန်းမော်မြို့မှာ စကခ – ၂၁ လက်အောက်ခံတပ်စခန်း ၈ခုနဲ့ မံစီမြိုမှာရှိတဲ့ တပ်စခန်း ၂ခုကို ဝိုင်းဝန်းပိတ်ဆို့ပြီး ပြင်းထန်စွာ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီး ပစ်ကူ အများအပြား အသုံးပြုခုခံနေသလို စကခ ၂၁ထဲကို KIAဘက်ကလည်း လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်​နေ​တဲ့ ရုပ်သံဖိုင်တွေလည်း လူမှုကွန်ယက်မှာ ပျံ့နှံ့လာပါတယ်။ဒီဇင်ဘာ ၄ရက်ကစပြီး ဗန်းမော်မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာဖြစ်ပြီး ၆ရက်မြောက်နေ့ ဒီဇင်ဘာ ၉ရက်နေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

မြို့သိမ်းတိုက်ပွဲစတင်တဲ့ဒီဇင်ဘာ ၄ရက်နေ့မှာပဲ ဗန်းမော်မြို့ရှိ စစ်ကောင်စီရဲ့ ကာကင်းစခန်းတွေနဲ့ စခန်း ၇ခုထက်မနည်းကို KIA က သိမ်းပိုက်ထားပြီး လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ဗန်းမော်မြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာပဲ တရုတ်အစိုးရရဲ့ ဖိတ်ကြားချက်ကြောင့် ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ဥက္ကဋ္ဌ ဗိုလ် ချုပ်ကြီး အင်ဘန်လဦးဆောင်တဲ့အဖွဲ့ဟာ ဒီဇင်ဘာ ၈ရက်နေ့က တရုတ်နိုင်ငံကို ထွက်ခွာသွားတယ်လို့ သိရပါတယ်။လစဉ်ပြုလုပ်နေကျအစည်းအဝေးဖြစ်ပြီး ပုံမှန်နေနဲ့ တစ်ရက်ကြာမြင့်ကာ တရုတ်ဘက်က ခေါ့င်းစဉ်ပြောထားတာမျိုးမရှိသေးဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက မီဒီယာကို ဖြေကြားထားပါတယ်။စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၀ ကျော်အထိ ရှိနိုင်ပြီး ထောင်နဲ့ချီတဲ့ ဗန်းမော်မြို့ခံတွေကလည်း ကုန်းလမ်းရေလမ်းကနေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။KIAဟာ ရှမ်းမြောက်နဲ့ကချင်ပြည်နယ်က မြို့ပေါင်း ၁၃မြို့ကို တိုက်ခိုက်သိမ်းပိုက်ထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ အမှတ် ၁စစ်ဒေသမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့အတူ စစ်ကိုင်းတိုင်းအတွင်းထိုးစစ်ဆင်လျက်ရှိပါတယ်။

You may have missed