Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
March 15, 2025

KNU တပ်မဟာ ၅နယ်မြေမှာ တလအတွင်း တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးအပါ ၈၈ဦးသေဆုံးခဲ့

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ထိန်းချုပ်နယ်မြေမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁လတာတိုက်ပွဲတွေအတွင်း တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးအပါအဝင် စစ်သား ၈၈ဦးသေဆုံးခဲ့တယ်လို့ KNU တပ်မဟာဌာနချုပ် က သတင်းထုတ်ပြန်ပါတယ်။နိုဝင်ဘာလ(၁)ရက်နေ့ကနေ နိုဝင်ဘာလ(၃၀)ရက်နေ့အထိ KNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ အမှတ်(၅)တပ်မဟာ၊ ပူးပေါင်းတပ်မဟာ၊ မဟာမိတ်စစ်သည်တော်များနဲ့ စစ်ကောင်စီတပ်များအကြား တိုက်ပွဲပေါင်း(၄၃)ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူး ၁ဦး၊ ဒုတပ်ရင်းမှူး ၁ဦးအပါအဝင် စစ်သား(၈၈)ဦးသေဆုံးသွားကာ (၁၃)ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့သိရပါတယ်။နိုဝင်ဘာ လထဲမှာပဲ စစ်ကောင်စီရဲ့ ကူးဆိပ်နဲ့ မထောစခန်းကိုလည်း အလုံးစုံသိမ်းပိုက်ရရှိခဲ့ပါတယ်။တစ်လတာအတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးသီး(၁၆)လုံးကြဲချခဲ့ရာ အပြစ်မဲ့ပြည်သူများနေထိုင်ရာရပ်ရွာနဲ့ လုပ်ကိုင်စားသောက်ရာနေရာအတွင်းသို့ ဗုံးဆံ(၃)လုံးကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ သိရပါတယ်။

You may have missed