အမျိုးသားညီညွတ်ရေးအစိုးရက တရားဝင်တူးဖော်ခွင့်လိုင်စင်နဲ့ ခွင့်ပြုထားတဲ့ ရွှေလုပ်ကွက်တွေကို NUG- သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင် က သွားရောက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ဝန်ကြီး ဒေါက်တာတူးခေါင်က NUGအစိုးရ တရားဝင်တူးဖော်ခွင့်လိုင်စင်နဲ့ ပြုလုပ်နေတဲ့ အလတ်စား ရွှေတူးဖော်ရေးလုပ်ကွက်တွေကို သွားရောက်စစ်ဆေးခဲ့ပြီး ရွှေတူးဖော်ရေး လုပ်ငန်းများမှာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေး၊ ရေဆိုးရေညစ်စွန့်ပစ်တဲ့ ပုံစံများ စံချိန်ညီ၊ မညီ နဲ့ လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေးတို့ကို အဓိကထား ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဝန်ကြီး ဒေါက်တာတူးခေါင်က အညာမြေသို့လည်း ကွင်းဆင်းပြီး ပြည်သူနဲ့ တွေ့ဆုံခဲ့ကြောင်း လူမှုကွန်ရက်မှတစ်ဆင့် အသိပေးထားပါတယ်။အလားတူ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က မန္တလေးတိုင်း၊ စစ်ဆင်ရေးနယ်မြေတွေကို သွားရောက်ပြီး တော်လှန်ရေးရဲဘော်တွေနဲ့ တွေ့ဆုံခဲ့တဲ့ မှတ်တမ်းဓာတ်ပုံများကို လူထုသပိတ်ခေါင်းဆောင်ဒေါက်တာတေဇာစန်းက နိုဝင်ဘာ ၃၀ ရက်နေ့က လူမှုကွန်ရက်မှာ အသိပေးထားပါတယ်။
NUG ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဂျာထွယ်ပန်ကလည်း တော်လှန်ရေးအင်အားစုများထိန်းချုပ်ဒေသက တော်လှန်ပညာရေး မိသားစုများနဲ့ တွေ့ဆုံဆွေးနွေးပွဲကို နိုဝင်ဘာ ၉ ရက်က ပြုလုပ်ခဲ့ကြောင်း NUG ပညာရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၂ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြည်ပရောက် အစိုးရအဖွဲ့ဝင်များအားလုံး ပြည်တွင်းသို့ ပြန်လာပြီး မြေပြင်အင်အားတည်ဆောက်ကြဖို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ရက်မှာ တိုက်တွန်းခဲ့ပါတယ်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ