Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
September 15, 2026

ဘူးသီးတောင်မြို့ကို AA သိမ်းပိုက်စဉ် သူခိုးရာချီဖမ်းမိခဲ့ပြီး ပိုင်ရှင်တွေထံ ပစ္စည်းများ ပြန်လည်အပ်နှံ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ကို အာရက္ခတပ်တော် AA သိမ်းပိုက်စဉ်အတွင်း ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူခဲ့တဲ့ သူခိုး ရာနဲ့ချီဖမ်းမိခဲ့ပြီး ပိုင်ရှင်တွေထံ ပြန်လည်အပ်နှံခဲ့တယ်လို့ AA က သတင်းထုတ်ပြန်ပါတယ်။ဘူးသီးတောင်မြို့ကို AA က အလုံးစုံသိမ်းပိုက်ထိန်းချုပ်ခဲ့တဲ့ ပြီးခဲ့တဲ့ မေလ ၁၈ရက်နေ့က စတင်ပြီး ဘူးသီးတောင်မြို့ပေါ်ရပ်ကွက်တွေက လူနေအိမ်၊ တိုက်တာ အဆောက်အအုံတွေကို ရည်ရွယ်ချက် ရှိရှိမီးရှို့ဖျက်ဆီးခဲ့သူတွေနဲ့ သူခိုးတွေကို AA ရဲ့ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့ဝင်တွေက လိုက်လံရှာဖွေဖမ်းဆီးခဲ့တာလို့ သိရပါတယ်။AA ထုတ်ပြန်ထားတဲ့ မှတ်တမ်းဓာတ်ပုံတွေအရ သံပန်း၊ သံတခါးများနဲ့ အိမ်အသုံးဆောင်ပစ္စည်းအချို့ကို ပိုင်ရှင်တွေထံ ပြန်လည်အပ်နှံခဲ့တာ တွေ့ရပါတယ်။

ရာချီတဲ့ သူခိုးတွေနဲ့ ခိုးရာပါပစ္စည်းလက်ခံထားသူတွေကို သက်သေခံပစ္စည်းများ၊ ထွက်ဆိုချက်များအပေါ် အခြေခံကာ တရားဥပဒေနည်းလမ်း ကျကျ စစ်ဆေး အပြစ်ပေး အရေးယူလျက်ရှိတယ်လို့ သိရပါတယ်။ဖမ်းဆီးအပြစ်ပေးထားသော သူခိုးအများစုမှာ ဘူးသီးတောင်မြို့မှ ဘင်္ဂလီမူဆလင်များဖြစ်ကြပြီး ၎င်းတို့ဟာ ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီမှ သင်တန်းဆင်းထားကြသောသူများ၊ အကြမ်းဖက် မီးရှို့ဖျက်ဆီးကြသောသူများ၊ ARSA၊ RSO၊ ARA နှင့်ဆက်စပ်နေကြသူတွေဖြစ်တယ်လို့သိရပါတယ်။ပိုင်ရှင်အစစ်တွေရဲ့ ပစ္စည်းတွေကိုပိုင်ရှင်အစစ်ထံပေးအပ်ပွဲကို နိုဝင်ဘာ ၃၀ရက်နေ့မှာ ဘူးသီးတောင်မြို့တနေရာမှာ ပြုလုပ်ခဲ့ပြီး ပိုင်ရှင် ၃၁ဦးရဲ့ ပစ္စည်းတွေကို ပထမအကြိမ် အပ်နှံခဲ့ပြီး ကျန်နေတဲ့ပစ္စည်းတွေကိုလည်း ဆက်လက်အပ်နှံသွား’မယ်လို့ ဆိုပါတယ်။အာရက္ခ တပ်ဖွဲ့က လုံခြုံသည့်နေရာများသို့ ရွေ့ပြောင်းထားနိုင်ခဲ့တဲ့ ပစ္စည်းများကိုလည်း ၎င်းတို့ပိုင်ရှင်စစ်များ ကိုယ်တိုင်ကိုယ်ကျပြန်လည်ယူဆောင်ခွင့်ကို အကန့်အသတ်ဖြင့် ခွင့်ပြုပေးလျက်ရှိတယ်လို့ သိရပါတယ်။

You may have missed