ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်ရွာအခြေစိုက် ခမရ-၆ တပ်ရင်းက ထွက်လာတဲ့ စစ်ကောင်စီတပ်ကို စောင့်ကြိုတိုက်ခိုက်လို့ ဗိုလ်ကြီး အပါအဝင် ၂ဦးသေဆုံးကြောင်း သာယာဝတီခရိုင် တပ်ရင်း-၃၈၀၂၊ တပ်ခွဲ-၄(မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို) က သတင်းထုတ်ပြန်ပါတယ်။ဒီဇင်ဘာ ၄ ရက်၊ မနက် ၉ နာရီခန့်မှာ တပ်တွင်း သတင်းပေးပို့မှုအရ ခမရ-၆ တပ်ရင်းအတွင်းကနေ ဆိုင်ကယ် ၄ စီးနဲ့ ထွက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၈ ဦးကို တပ်ရင်းနဲ့ ကိုက် ၂၀၀ အကွာမှာ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်ကြီးသိန်းဝင်း နဲ့ တပ်ကြပ်တင်အောင်တို့မှာ နေရာမှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုအတွင်း အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားတွေက တပ်တွင်းသို့ ဆုတ်ခွာထွက်ပြေးသွားရာ MA-3 သေနတ် တစ်လက်၊ ကျည်ဘောက် နှစ်ခု၊ ၅.၅၆ ကျည် ၄၉တောင့်၊ လက်ပစ်ဗုံး သုံးလုံး၊ မိုလ်ဘိုင်းဖုန်း နှစ်လုံး နှင့် ဆက်စပ်ပစ္စည်းများ၊ ခမရ-၆ တပ်၏ လျှို့ဝှက်စာရွက်စာတမ်းများကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိ၇ပါတယ်။တပ်တွင်းသတင်းပေးပို့မှု ကြောင့် ပြီးခဲ့တဲ့နှစ် ဩဂုတ် ၃၁ ရက်နေ့ကလည်း အုတ်ဖိုမြို့နယ်၊ အေးမြသာယာမြို့သစ်မှာ တာဝန်ကျ နေတဲ့ ဗိုလ်ကြီးတင်အောင်မျိုးကို ပစ်ခတ်နိုင်ခဲ့ပြီး ၎င်းထံမှ MA-3 မောင်းပြန်တစ်လက် နဲ့ ဆက်စပ်ပစ္စည်းတွေသိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ