မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်လို့ စစ်သား ၉ဦးသေဆုံးပြီး ရိက္ခာကား ၂စီးကို ထပ်မံဖျက်ဆီးနိုင်ခဲ့တယ်လို့ PRA Magway က ထုတ်ပြန်ပါတယ်။အမ်း-ပဒါန်းလမ်းမပေါ် စွန်တက်ရွာနဲ့ လင်းတဲရွာကြားမှာ အင်အား (၅၀) ခန့်ပါ စစ်ကောင်စီရဲ့ ရိက္ခာစစ်ကား (၃) စီးကို ဒီဇင်ဘာ ၄ရက်နေ့၊ နေ့လယ် (၁) နာရီခန့်မှာ PRA-Magway တပ်ဖွဲ့က ခြုံခိုမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။တိုက်ပွဲ (၁၀) မိနစ်ကျော်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် (၉) ဦးထက်မနည်းသေဆုံးခဲ့ပြီး ရိက္ခာကား၂စီးလည်း ရှေ့ဆက်မရတော့တဲ့အထိပျက်စီးသွားခဲ့တယ်လို့ မြေပြင်သတင်းပေးပို့ချက်များအရ သိရှိရပါတယ်။PRA-Magway အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် နိုဝင်ဘာလနဲ့ ဒီဇင်ဘာ ပထမပတ်အတွင်း စစ်ကောင်စီ အင်အား ၅၀ ကျော်ကို ချေမှုန်းနိုင်ခဲ့ပြီး လက်နက်ငယ် (၈) လက်၊ ခဲယမ်းနဲ့ စစ်အသုံးအဆောင် များကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ရက်ကလည်း နပခလက်အောက်ခံ တမိုင်ကုန်းစခန်းက တပ်ဆုတ်ပြေးလာတဲ့ စစ်တပ်စစ်ကြောင်းကို ချေမှုန်းတိုက်ခိုက်နိုင်ခဲ့ပြီး သုံ့ပန်း ၁၄ဦးဖမ်းမိခဲ့သလို ဘုံးဘောရွာကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၉၀ပါစစ်တပ်စစ်ကြောင်းကို PRA Magway နဲ့အတူ မင်းဘူးခရိုင်တပ်ရင်း ၂၊ အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်လို့ စစ်သား ၁၄ဦးသေဆုံးခဲ့ပါတယ်။အာရက္ခတပ်တော် AA ထိုးစစ်ဆင်နေတဲ့ အမ်းမြို့နယ်အခြေစိုက် အနောက်ပိုင်းတိုင်စစ်ဌာနချုပ်( နပခ)ကနေ စစ်ရှုံးပြီးထွက်ပြေးလာတဲ့ စစ်ကောင်စီတပ် ပြေးတွေကို PRA-Magway က ကင်းပုန်းချပိတ်ဆို့ဖမ်းဆီးမှုတွေ ပြုလုပ်လျက်ရှိရာ ထိတွေ့တိုက်ပွဲတွေ အခါမလပ် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။လက်ရှိမှာ အမ်းမြို့နယ်တစ်ခုလုံးကို AA ကထိန်းချုပ်ထားပြီး နပခကို စစ်ကူပို့တဲ့ စစ်ကောင်စီစစ်ကြောင်းတွေဟာလည်း ကြားဖြတ်တိုက်ခိုက်ခံနေရတာကြောင့် အမ်းနဲ့ နပခဟာ AA လက်ထဲကျရောက်တော့မယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။

More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ