Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
May 24, 2025

ဖာပွန်မှာ တပ်စခန်း ၂ခုကို KNLA ပူးပေါင်းတပ် သိမ်းပိုက်၊ စစ်သုံ့ပန်း ၃၆ ဦးနဲ့ လက်နက်များရရှိ

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်ခရိုင်အတွင်းက စစ်ကောင်စီတပ်စခန်း ၂ခုကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်တယ်လို့ သိရပါတယ်။စစ်ကောင်စီရဲ့ တောင်သုံးလုံးစခန်းကို ဒီဇင်ဘာ ၃ရက်နေ့နဲ့ ဒီဇင်ဘာ ၄ရက်နေ့မှာ ဆင်စွယ်တပ်စခန်းတို့ကို သိမ်းပိုက်ရရှိပြီး သုံ့ပန်း ၃၆ဦးနဲ့ လက်နက် ၄၀ ကျော် ခဲယမ်းတွေကိုပါ သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၂ ရက်နေ့က ဖာပွန်မြို့တောင်ဘက် ဖာပွန်-ကတိုင်တိ-ကမမောင်းကာလးမ်ပေါ်မှာတည် ရှိတဲ့ စစ်ကောင်စီတပ်ရဲ့ မထောတပ်စခန်းကို KNLA တပ်မဟာ ၅ ဦးဆောင်တဲ့ မဟာမိတ်တော်လှန်ရေးပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် အဲ့ဒီစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားဟာ အခုသိမ်းပိုက်လိုက်တဲ့ တောင်သုံးလုံးစခန်းဘက်ကို ဦးတည်ဆုတ်ခွာထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ့က ဖာပွန်မြို့နယ်အတွင်းရှိ စစ်ကောင်စီရဲ့ နှစ်ပေါင်း ၇၀ ကျော်ကြာသက်တမ်းရှိ ကူးဆိပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး အောက်တိုဘာ ၃၁ ရက်နေ့မှာလဲ အရေးပါတဲ့ စခန်းကြီးတစ်ခုဖြစ်တဲ့ ခေါပုတ်စခန်းကို KNLA နဲ့ တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များက သိမ်းပိုက်ရရှိခဲ့ပါတယ်။ဖာပွန် – ကတိုင်တိ – ကမမောင်း ကားလမ်းမှာတော့ ကရင့်နယ်ခြားစောင့်တပ်ရင်း အမှတ် ၁၀၁၃ တပ်ရင်း ၊ အမှတ် ၁၀၁၄ တပ်ရင်း တို့အပြင် ကတိုင်တိ၊ ကညင်ဒုံ နဲ့ ကမမောင်း ဗျုဟာ စခန်းတွေ ကျန်ရှိနေဆဲ ဖြစ်ပြီး KNLA က ဆက်တိုက်သိမ်းပိုက်နေတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

You may have missed