တောင်ကိုရီးယားသမ္မတဖြစ်သူဟာ နိုင်ငံကို မြောက်ကိုရီးယား ကွန်မြူနစ် တပ်ဖွဲ့များရဲ့ ခြိမ်းခြောက်မှုမှ ကာကွယ်ဖို့ နဲ့ တိုင်းပြည်ကို ကာကွယ်ရန် ဖွဲ့စည်းပုံ ဥပဒေနှင့်အညီ စစ်အုပ်ချုပ်ရေး ကြေညာတယ်လို့ ဆိုလိုက်ပါတယ်။ အတိုက်အခံပါတီများရဲ့ တိုင်းပြည်အပေါ်အန္တရာယ်ပေးနိုင်မှုကို ကာကွယ်တဲ့အနေနဲ့ ခုလိုလုပ်ရခြင်းဖြစ်ကြောင်း ဆိုခဲ့ပြီး နိုင်ငံတော် ဆန့်ကျင်ရေး အင်အားစုများအား အမြန်ဆုံးဖယ်ရှားပြီး တိုင်းပြည်အား ပြန်လည် ကောင်းမွန်အောင် လုပ်ဆောင်မှာ ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် လီဂျေမြောင်ကတော့ ယခုကြေငြာချက်ဟာ ဥပဒေနှင့် မညီကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် လွှတ်တော် ကိုယ်စားလှယ်များဟာ အမိန့်ကို ပယ်ဖျက်ရန် ကြိုးစားမှာဖြစ်ပြီး စစ်တပ်က လွှတ်တော်အမတ်များအား ဖမ်းဆီးမည်မှာကိုလည်း စိုးရိမ်ကြောင်း လီဂျေမြောင်က ပြောပါတယ်။ တောင်ကိုရီးယားသမ္မတဖြစ်သူကတော့ အတိုက်အခံ ပါတီများက တိုင်းပြည်အား အကျပ်အတည်းဖြစ်အောင် ပြုလုပ်တာကြောင့် သူ့မှာ ရွေးချယ်စရာမရှိကြောင်း အကြောင်းပြနေပါတယ်။
“ကျွန်ုပ်တို့ရဲ့ လွှတ်တော်ဟာ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအား ပျက်စီးသွားစေခဲ့ပြီး ဒီမိုကရေစီစနစ်အား ပြောင်းပြန်ဖြစ်စေခဲ့တယ်”လို့ တောင်ကိုရီးယား သမ္မတက ပြောကြားခဲ့ပါတယ်။ နိုင်ငံတော် ဆန့်ကျင်ရေး အင်အားစုများအား အမြန်ဆုံးဖယ်ရှားပြီး တိုင်းပြည်အား ပြန်လည် ကောင်းမွန်အောင် လုပ်ဆောင်မှာ ဖြစ်ကြောင်းလည်း နိုင်ငံရုပ်သံမှတဆင့် ပြောကြားခဲ့ပါတယ်။ ပါလီမန်နှင့် နိုင်ငံရေး ပါတီများ၏ လှုပ်ရှားမှုများကို ပိတ်ပင်သွားမည် ဖြစ်သည်။ မီဒီယာနှင့် သတင်းထုတ်ဝေသူများ သည် စစ်အုပ်ချုပ်ရေး အမိန့်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေမည်ဟု တောင်ကိုရီးယား စစ်တပ် ၏ ပြောဆိုချက်ကို Yonhap သတင်းဌာနက ကိုးကား ဖော်ပြပါတယ်။ ပါလီမန် လုပ်ငန်းစဉ်ကို အတိုက်အခံပါတီများက သိမ်းယူထားပြီး တိုင်းပြည်ကို အကျပ်အတည်းထဲသို့ တွန်းပို့ရန် ပြင်ဆင်နေကြသည်။ ဒါကြောင့် ယခု လုပ်ရပ်မှ လွဲ၍ ရွေးချယ်စရာမရှိဘူးလို့ သမ္မတ ယွန်း က ပြောကြားခဲ့ပါသည်။ အဲ့ဒီနောက် လွှတ်တော်အမတ်တွေစုရုံးပြီး သမ္မတရဲ့ အမိန့်ကို မဲခွဲဆုံးဖြတ်ရာမှာ စစ်အုပ်ချုပ်ရေးရုပ်သိမ်းဖို့အဆိုက အနိုင်ရသွားပါတယ်။ ဒါကို သမ္မတက အတည်ပြုဖို့ ပြည်သူများ စောင့်ဆိုင်းနေကြပါတယ်။ အဲ့ဒီနောက် စစ်တပ်နှင့်ပြည်သူတွေကြား ပြဿနာအချို့ရှိလာခဲ့ပါတယ်။ အမတ်တွေစုဝေးပြီး မဲခွဲဆုံးဖြတ်နိုင်အောင်တော့ ပြည်သူတွေက ကူညီခဲ့ကြပါတယ်။ “ မာရှယ်လောရုတ်သိမ်းဖို့” အဆိုကို သမ္မတက အတည်ပြုကြေငြာရမှာဖြစ်ပေမယ့် မကြေငြာသေးပါဘူး။ သမ္မတဟာ လွှတ်တော်အမတ်များရဲ့ ဆန္ဒဖြစ်တဲ့ “ စစ်အုပ်ချုပ်ရေးရုတ်သိမ်းဖို့ အနိုင်ရအဆို” ကို အတည်မပြုရင် ဥပဒေအရ သူ့ကို ဖမ်းရပါမယ်။ အဲ့ဒီနောက် သမ္မတကတဖက်၊လက်နက်ကိုင်စစ်တပ်ကတဖက်၊ တရားဝင်လွှတ်တော်အမတ်များရဲ့ “မာရှယ်လောရုတ်သိမ်းဖို့” မဲခွဲဆုံးဖြတ်မှုကတဖက် ရှုပ်ထွေးနေပါတော့တယ်။

More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ