Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
March 25, 2025

ရခိုင်တိုင်းစစ်ဌာနချုပ် ကျကာနီးနေပြီး ထွက်ပြေးသူများလည်း ကြားဖြတ်တိုက်ခံနေရ

အမ်းမြို့ကိုထိန်းချုပ်ထားနိုင်နေပြီဖြစ်ကာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တခုတည်းကိုသာ သိမ်းဖို့ကျန်တော့တဲ့အကြောင်း သတင်းများထွက်လာပါတယ်။ ဒေသခံတွေရဲ့သတင်းတွေထဲမှာတော့ AA ဟာ နပခ ကိုပဲဦးတည်ပစ်မှတ်ထားနေပါပြီ။ ရခိုင့်တပ်တော် AA ဟာ အမ်းမြို့သိမ်းပွဲကို စက်တင်ဘာလ ၂၆ ရက်နေ့မှာစတင်ခဲ့တာဖြစ်ပြီး AA ရဲ့တရားဝင်ထုတ်ပြန်ချက်အရဆိုရင် နပခအပါအဝင် စစ်ကောင်စီရဲ့တပ်ရင်း ၁၈ ခုအနက် ၈ ခုကိုသိမ်းယူထားပြီဖြစ်ပါတယ်။ ဒီတရားဝင်ထုတ်ပြန်ချက်ကိုတော့ နိုဝင်ဘာ ၁၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ သိမ်းဖို့ကျန်ရှိနေတာကတော့ တိုင်းစစ်ဌာနချုပ်ကြီးနဲ့ဆလ (၉၄၆)၊ ခမရ (၃၇၁)၊ ခမရ(၃၇၂)၊ လလစ (၇၅၇/၂)၊ ထပခ (၉၂၆)၊ အဆရ (၈)၊ တပ်ထိန်းတပ်ခွဲ-တထခ (၁၀)နှင့် စအရ (၉၁၉) တို့ဖြစ်ကြပါတယ်။ ဒီတရားဝင်ထုတ်ပြန်ချက်က နိုဝင်္ဘာ ၁၃ ရက်နေ့မှာ ထုတ်ခဲ့တာပါ။ ရခိုင့်တပ်တော်က မထုတ်ပြန်ရသေးပေမယ့် အခုထပ်မံထွက်ရှိလာတဲ့သတင်းတွေမှာတော့ AA သိမ်းပိုက်ဖို့ကျန်တာဟာ နပခ နှင့် လက်အောက်ခံ တပ်ရင်း ၃ ခုသာ ရှိတော့တယ်လို့ သိရပါတယ်။ ဒီဇင်ဘာ ၄ ရက်နေ့ထိ ရရှိထားတဲ့ သတင်းရင်းမြစ်တွေရဲ့အဆိုအရ နပခ မဟုတ်တဲ့တပ်ရင်းက စစ်သားတွေဟာ အကုန် နပခထဲကို ဆုတ်ပြေးဝင်သွားကြောင်း ဆိုပါတယ်။ အဆိုပါသတင်းတွေနှင့်အတူ အမ်းမြို့တဝိုက်တိုက်ပွဲများက ဆုတ်ပြေးတဲ့စစ်ကောင်စီတပ်တွေကို အခြားသောတော်လှန်တပ်များနှင့် PDF တွေက ကြားဖြတ်တိုက်ခိုက်နေကြပါပြီ။ ဒီချိန်မှာပဲ ရခိုင်ပြည်၊ အမ်းမြို့တိုက်ပွဲမှ ထွက်ပြေးလာသော အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ်မှ ဗိုလ်ကြီးအဆင့်အပါအဝင် စစ်သုံ့ပန်း ၁၂ ဦးကို ဖမ်းမိထားကြောင်း ဆေးဝါးကုသပေးနေကြောင်း၊ အရှိုချင်းကာကွယ်ရေးတပ်(ACDF) မှ ပြန်ကြားရေး တာ ဝန် ခံ ဆလိုင်း ခနီလေဗွေက ပြောပါတယ်။ ဒီရန်သူတွေကို နိုဝင်ဘာနှောင်းပိုင်းရက်များမှာ အရှိုချင်းတပ်၊ လူ့ဘောင်သစ်တပ် NSA, ပြည်သူ့လွတ် လပ်ရေးတပ်တော် (PIA) တို့က တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ အမ်းမြို့သိမ်းတိုက်ပွဲတွင်းမှ ထွက်ပြေးလာသူများဖြစ်တယ်လို့ ဆိုပါတယ်။ ရန်သူစစ်ကောင်စီများထံမှ Laptop တစ်လုံး, Phone တစ်လုံး, MA-1 တစ်လက်, MA-3 တစ်လက် 5.56 ကျည် ၂၃ တောင့်၊ Type-81 တစ်လက် (ကျည်ဘောက်မပါ)၊ ပစ္စတို တစ်လက် (ကျည် ၂၄ တောင့်)ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။ လေကြောင်းတခုတည်းသာ အားကိုးစရာကျန်တဲ့ စစ်ကောင်စီဟာ ခုခံတိုက်ပွဲဆင်နေပေမယ့် စစ်ရှုံးမှာ သေချာတာကြောင့် အသေမခံဘဲ လက်နက်ချ ထွက်ပြေးတိမ်းရှောင်ကြဖို့ကိုလည်း တော်လှန်ရေးတပ်များက အမြဲမပြတ်သတိပေးနေကြသည်။

You may have missed