ရခိုင့်တပ်တော်ဟာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့ကို ပစ်မှတ်ထားပြီး စစ်ရေးဖော်ဆောင်နေခြင်းနှင့်အတူ ကြီးမားတဲ့အောင်ပွဲနဲ့ နီးကပ်လာနေချိန်ဖြစ်ပါတယ်။ ဒီနေ့ရရှိတဲ့သတင်းတွေအရ ရခိုင်ပြည်တောင်ဘက်အစွန်ဆုံး ဂွမြို့အနီး (၅) မိုင်ကျော်ခန့် အကွာ နေရာ ၂ ခုမှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေကြပါတယ်။ စစ်ကောင်စီဘက်ကတော့ အမ်းစစ်ဌာနချုပ်အနီးတဝိုက်က စစ်စခန်းအကုန်လုံးနီးပါးကို ဆုံးရှုံးထားပြီး ရခိုင့်တပ်တော်ရဲ့ထိုးစစ်ကို ကြိတ်မှိတ်ပြီးခုခံနေရတဲ့အချိန်ပါ။ ဂွနဲ့အနီးဆုံးနေရာမှာ ဖြစ်နေတဲ့တိုက်ပွဲမှာလည်း မြေပြင်ကအမြောက်တွေသာမက ရေပြင်ရေတပ်ကလည်း လက်နက်ကြီးများ လေကြောင်းပစ်ကူများနဲ့ ခုခံဖို့ကြိုးစားနေပါတယ်။ စစ်စွမ်းရည်ကင်းမဲ့နေတဲ့ စစ်ကောင်စီကို ယုံကြည်ပုံမရတဲ့ တရုတ်နိုင်ငံဟာ ကျောက်ဖြူရေနက်ဆိပ်ကမ်းကဲ့သို့ ယင်းတို့ရဲ့ ကုမ္ပဏီလုံခြုံရေးကို အာမခံနိုင်ဖို့ တရုတ်လုံခြုံရေးတပ်တွေ ချထားဖို့ စီစဉ်နေကြပါတယ်။ ရခိုင့်တပ်တော်ကတော့ စစ်တိုက်စရာရှိသည်ကို တစိုက်မတ်မတ်တိုက်နေပြီး အမ်းမြို့ကို ဆက်လက်ပိတ်ဆို့ထားဆဲ အခြေအနေ ဖြစ်ပါတယ်။ ဒီချိန်မှာပဲ အိန္ဒိယနှင့် ရခိုင်တို့၏ စစ်ရေးဆက်ဆံမှု အားကောင်းလာတယ်လို့ သတင်းများထွက်ပေါ်လာနေပါတယ်။ နိုဝင်ဘာလအစတွင် အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ထရမ့်က ရခိုင်တပ်မတော် အပါအဝင် မြန်မာတော်လှန်ရေး အဖွဲ့များကို ဖိတ်ကြားထားကြောင်း သိရပါတယ်။ ရခိုင်တပ်မတော်နှင့် ဆက်စပ်သည့် နိုင်ငံရေး သတင်းရင်းမြစ်တခုကို အတည်ပြု ပြောကြားရာမှာတော့ ရခိုင် ကိုယ်စားလှယ် အဖွဲ့အား အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးက နယူးဒေလီသို့ ဖိတ်ကြားထားကြောင်းဆိုပါတယ်။ အိန္ဒိယအစိုးရသည် မြန်မာ့အရေး အလားအလာ၊ ဒေသတွင်းလုံခြုံရေး၊ နယ်စပ်ကုန်သွယ်ရေးဆိုင်ရာကိစ္စတွေမှာ ရခိုင်တပ်တော်နဲ့ ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြောင်း သတင်းများမှာ ဖော်ပြထားကြပါတယ်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနဟာ အန်ယူဂျီအစိုးရ၊ အေအေတပ်တော်၊ ချင်းအမျိုးသားတပ်ဦး CNF , ချင်းညီနောင်တပ်ဖွဲ့ များနဲ့လည်း သီးခြားတွေ့ဆုံခဲ့ကြောင်း ချင်းလူငယ်ခေါင်းဆောင် ဆလိုင်းဒိုခါး က မီဒီယာ များသို့ ပြောကြား ခဲ့တာတွေ့ရပါတယ်။ ခုလိုခေါ်ယူတွေ့ဆုံမှုတွေမှာ အဖွဲ့တခုချင်းစီနဲ့ သီးခြားဆွေးနွေးတာမျိုးလည်း လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ချင်းပြည်နယ် ပလက်ဝမြို့အပါအဝင် ကုလားတန်မြစ်တလျှောက်ရှိ မြို့နယ်များကို ရခိုင့်တပ်တော်က လက်ရှိမှာထိန်းချုပ်ထားတာဖြစ်လို့ (AA) နှင့် တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် အိန္ဒိယအစိုးရသည် အဆိုပါစီမံကိန်းကို ပြန်လည်စတင်လိုကြောင်း သုံးသပ်မှုတွေလည်း ထွက်ပေါ်လာပါတယ်။ အိန္ဒိယဟာ အဆိုပါ စီမံကိန်းမှာ ဒေါ်လာ သန်း ၅၀၀ ခန့် ရင်းနှီးမြှုပ်နှံထားတယ်လို့လည်း သိရပါတယ်။ စစ်ကောင်စီကိုတော်လှန်ရေးနှင့်အတူ စစ်အောင်နိုင်တဲ့ ရခိုင့်တပ်တော်ဟာ ခုတော့ အိမ်နီးချင်းနိုင်ငံများရဲ့ အလေးပေးဆက်ဆံမှုကို စတင်ခံစားနေရပါပြီ။ ၁၉၉၈ ခုနှစ်ကတည်းက ရခိုင့်တပ်တော်နှင့်အေအေတို့ကြား ဆက်ဆံရေး ရပ်တန့်နေရာကနေ ခုတော့ နှစ်ဖက်တိုးမြှင့်ဆက်ဆံမှုတွေ ကြုံတွေ့လာရပြီဖြစ်သည်။

More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ