စစ်ကိုင်းတိုင်း၊ ပုလဲမြို့ လဝကရုံးကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၁ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပြီး ပလဖထံအပ်နှံလိုက်ကြောင်း ချင်းတွင်းကာကွယ်ရေးအထူးတပ်ဖွဲ့(CDF) အဖွဲ့ထံက သိရပါတယ်။ဒီဇင်ဘာလ ၃ရက်နေ့မှာ ထွက်ပြေးလာတဲ့ တပ်သားမိုးမင်းအောင်ကို ချင်းတွင်းကာကွယ်ရေးအထူးတပ်ဖွဲ့(CDF) တာဝန်ရှိသူတွေက သူတို့ရဲ့ဂိတ်စခန်းအနီး ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။အဆိုပါ တပ်သားမိုးမင်းအောင်ဟာ ပုလဲလဝကရုံးမှာ တာဝန်ထမ်းဆောင်ရင်း ထွက်ပြေးလာရာက ဖမ်းစီးထိန်းသိမ်းခံရတာဖြစ်ပြီး ၎င်းကို ဆားလင်းကြီးမြို့နယ် ပြည်သူ့လုံခြုံရေး(ပလဖ)ထံ အပ်နှံလိုက်တယ်လို့ သိရပါတယ်။တပ်သားမိုးမင်းအောင်ဟာ စစ်မှုထမ်းစာရင်းမဲပေါက်ပြီးတဲ့နောက် တပ်သားသစ်အဖြစ် စုဆောင်းခံရရင်း စစ်ကိုင်းတိုင်း၊ ကလေးမြို့အခြေစိုက် ခလရ (၈၉) တပ်ရင်းမှာ ၃လသင်တန်းတက်ရောက်ခဲ့ရသလို ပုလဲမြို့တိုက်ပွဲပြီးတဲ့နောက် မြို့ပေါ်သို့ ပို့ဆောင်ခံလိုက်ရတာဖြစ်ပြီး ၎င်းနဲ့အတူ နောက်ထပ် အယောက်၅၀လောက်လည်း ပုလဲစခစခန်းကို ပါလာတယ်လို့ သိရပါတယ်။

More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ