Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
May 13, 2025

ကျနော်တို့ပဲ ဆက်ကျန်ပါတယ်

ကိုရီးယားကခဏလေးနဲ့ပြန်ငြိမ်းချမ်းသွားပါပြီ။ အမြန်ဆုံးလွှတ်တော်ခေါ်ယူနိုင်ခဲ့ပြီး စစ်တပ်ကလည်းမနှောင့်မယှက်နဲ့မို့ “စစ်အုပ်ချုပ်ရေးရုတ်သိမ်းဖို့အဆို” အောင်မြင်ပြီးနောက် တောင်ကိုရီးယားနိုင်ငံဟာခုတော့ အချိန်တိုတွင်း ပြန်လည်ငြိမ်းချမ်းသွားပါတယ်။ လွှတ်တော်တွင် အမတ်နေရာပေါင်း ၃၀၀ ရှိသည့်အနက်မှ လွှတ် တော် မတ် ၁၉၀ က သမ္မတ၏ စစ်အုပ်ချုပ်ရေး အမိန့်ကို လွှတ်တော်တွင် မဲပေး၍ ပယ်ဖျက်ကြောင်း ကြေညာနိုင်ခဲ့ကြတာပါ။ သမ္မတရဲ့ပါတီကလည်း သမ္မတရဲ့လုပ်ရပ်ကိုမထောက်ခံခဲ့ပါဘူး။ ခုတော့ လူတဦးရဲ့ အမိန့်ကို ပြည်သူနှင့်လွှတ်တော်အမတ်တွေညီညွတ်စွာနဲ့ စစ်တပ်က ဖြောင့်မတ်စွာနဲ့ ကာကွယ်တားဆီးနိုင်လိုက်ပါပြီ။ သူတို့စစ်တပ်လည်း ဆုတ်ခွါသွားပါပြီ။ ကျနော်တို့သာ ဆက်လက်တိုက်ပွဲဝင်ရဦးမှာဖြစ်ပါတယ်။

You may have missed