Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
May 24, 2025

အမ်းရှိ ကုတင် ၃၀၀တပ်ဆေးရုံကို AA သိမ်းလိုက်တာကြောင့် ဒဏ်ရာရတွေကုဖို့ ယာယီဆေးရုံလုပ်ထားတဲ့ အထက ၂ ကိုလည်း ထပ်မံသိမ်းပိုက်၊နကခ ကာကင်းစခန်း၂ခုကိုပါ သိမ်းပိုက်လိုက်ပြီး ပိတ်ဆို့တိုက်ခိုက်ခံနေရ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ ကုတင် ၃၀၀ စစ်ဆေးရုံကို AA သိမ်းလိုက်တာကြောင့် ဒဏ်ရာရ စစ်သားတွေကုသဖို့ ယာယီဆေးရုံလုပ်ထားတဲ့ အထက ၂ ကျောင်း ကိုလည်း ထပ်မံသိမ်းပိုက်လိုက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ ကာကင်းစခန်း ၂ခုကိုပါ AA က သိမ်းပိုက်ထားပြီလို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြပါတယ်။အမ်းမြို့နယ်ရှိ ခုတင် ၃၀၀ ဆံ့စစ်ဆေးရုံ အသိမ်းခံရပြီးနောက် အထက ၂ ကျောင်းဝန်းအတွင်း ယာယီတပ်ဆေးရုံပြုလုပ်ကာ ခံစစ်ပြင်ထားတဲ့ ဆေးရုံကိုလည်း နိုဝင်ဘာ ၃၀ရက်နေ့က AA က သိမ်းယူခဲ့ပြီး စစ်ဆရာဝန်တွေလည်း ဖမ်းမိတယ်လို့ သိရပါတယ်။ဒါ့အပြင် နပခရဲ့ ကာကင်းတွေဖြစ်တဲ့ မြို့သစ် ဓာတ်ပေါင်းစုစစ်ဘေးရှောင်စခန်း၊ ဂန္ဓာရုံ ဘုန်းတော်ကြီးကျောင်း၊ လေယာဉ်ကွင်း (မြို့ဟောင်း) စခန်းတို့ကို နိုဝင်ဘာ ၂၉ရက်နေ့က ထပ်မံသိမ်းပိုက်လိုက်တယ်လို့ သိရပါတယ်။အဲ့ဒီတပ်တွေဟာ အမ်းမြို့ပေါ်ရှိ မြို့ဟောင်းရပ်ကွက် ၊ တပ်ထိန်းရပ်ကွက် ၊ အောက်ရွာရပ်ကွက် နဲ့ ပဲပုဒုံ ဂိတ်တို့မှာ အထိုင်ချ ခုခံခဲ့တာဖြစ်ပြီး လက်ကျန်အင်အားတွေဟာ နပခထဲ စုပေါင်းခုခံဖို့ ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။

အမ်းမြို့နယ်မှာရှိတဲ့ ခမရ (၃၇၃)-အမှတ် (၃၇၃) ခြေမြန်တပ်ရင်း ၊ အမတ (၃၇၄)-အမှတ် (၃၇၄) အမြောက်တပ်ရင်း ၊ လလစ (၇၅၇)-အမှတ် (၇၅၇) လျှပ်စစ်အလုပ်ရုံတပ်ခွဲ ၊ စနခ (၃၄၅)-အမှတ် (၃၄၅) စစ်လက်နက်ပစ္စည်းတပ်ခွဲ ၊ တစသ (၈)- အမှတ် (၈) တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း တဆရ(၂/၃၀၀)-အမှတ်-၂ /ကုတင် ၃၀၀ တပ်မတော်စစ်ဆေးရုံ ၊ လကရ-လေကြောင်းရန်ကာကွယ်ရေးတပ် ၊ စရဖ-စစ်ဖက်ရေးရာလုံခြုံရေးတပ်၊ အမှတ် (၉၂၆) ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ခွဲ၊ ခမရ (၃၇၂) – အမှတ် (၃၇၂) ခြေမြန်တပ်ရင်း၊ ခမရ( ၃၇၁) – အမှတ် (၃၇၁) ခြေမြန်တပ်ရင်း၊ အမှတ် (၉၁၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊ အမ်းမြို့မ ရဲ စခန်း၊ အထက(၂) ယာယီ စစ်ဆေးရုံ တို့ ကို အာရက္ခတပ်တော်က သိမ်းပိုက်ထားပြီးဖြစ်တယ်လို့ တရားဝင်ထုတ်ပြန် ကြေညာထားပါတယ်။

အမ်းမြို့နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှု လက်အောက်ရှိ တမိုင်ကုန်းစခန်းက ဆုတ်ခွာလာတဲ့ ဗိုလ်မှူးဇော်ထက်နောင် ဦးစီးစစ်ကြောင်းကိုလည်း ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်မှာ အမ်း-ပဒါန်းလမ်းတနေရာမှာ တော်လှန်ရေးတပ်တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် ၂ဦးသေဆုံးပြီး သုံ့ပန်း ၁၄ဦးဖမ်းမိခဲ့ပါတယ်။ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ရက်ကလည်း အမ်းကို လေကြောင်းကနေ စစ်ကူချပေးတဲ့ စစ်တပ်စစ်ကြောင်းဟာ မြေပြင်ရောက်ရှိစဉ်မှာပဲ ရိုးမတောထဲမှာ AA က ကြားဖြတ်တိုက်ခိုက်လို့ စစ်သား ၄၀နီးပါးသေဆုံးပြီး ၅၀ကျော် အရှင်ဖမ်းမိခဲ့ကြောင်း သေဆုံးစစ်သား ရုပ်သံဖိုင်နဲ့တကွ ဒေသမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။စစ်ကောင်စီဟာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့မကျစေဖို့ မြေပြင်စစ်ကူတွေ အကြိမ်ကြိမ်ပို့ဆောင်ခဲ့ပေမယ့် တော်လှန်ရေးတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် အရာရှိတွေအပါအဝင် သေဆုံးမှုများပြားကာ ဖရိုဖရဲတပ်ဆုတ်ပြေးရလျက်ရှိနေသလို လေကြောင်းကချပေးတဲ့ စစ်ကြောင်းပါ ချေမှုန်းခံနေရပါတယ်။

You may have missed