တရုတ်နဲ့ စစ်ကောင်စီကြား လုံခြုံရေးကုမ္ပဏီ Joint Venture Security Company တည်ထောင်ဖို့ သဘောတူညီချက်တွေ ရထားတာကို သိရှိရပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ တရုတ်ပိုင်စီးပွားတွေကို ထိခိုက်အောင်လုပ်မှာမဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။ဒီနေ့နိုဝင်ဘာ ၂၆ရက်မှာ ပြုလုပ်တဲ့ “ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း(Press Briefing)အစီအစဉ်”မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ စီးပွားရေးနဲ့ နိုင်ငံသားတွေအတွက် စိုးရီမ်မကင်းဖြစ်နေတာကို သိရှိနားလည်ကြောင်း၊ တရုတ်ပိုင် ကုမ္ပဏီတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခြင်းပြုမှာ မဟုတ်ကြောင်း ပြောထားပြီးဖြစ်သလို တရားဝင်ရင်းနှီးမြှုပ်နှံမှုတွေအားလုံးကို ကာကွယ်ပေးသွားမှာ ဖြစ်ပြီး လက်ရှိချိန်ထိကာကွယ်ပေးထားကြောင်း NUG ပြောခွင့်ရက ပြောပါတယ်။တရုတ်အကျိုးစီးပွားကို ရာဇဝတ်သားမင်းအောင်လှိုင်နဲ့အပေါင်းအပါတွေက ကာကွယ်ပေးနိုင်မှုမရှိတဲ့အပြင် ၎င်းတို့ထောက်ခံလော်ဘီတွေရဲ့ လှုံ့ဆော်မှုတွေကြောင့်သာ တရုတ်နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို တိုက်ရိုက်ခြိမ်းခြောက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
Joint Venture Security Companyကို တရုတ်အနေနဲ့ စစ်အုပ်စုနဲ့အတူလုပ်ခြင်းအားဖြင့် ကာကွယ်နိုင်မှာမဟုတ်ကြောင်းနဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ လက်တွဲမှသာလျှင် ထိထိရောက်ရောက်ကာကွယ်နိုင်မှာ ဖြစ်တယ်လို့NUG ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ကပြောပါတယ်။မြန်မာနိုင်ငံတည်ငြိမ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုံခြုံဖို့အတွက် မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ ကိုက်ညီတဲ့ နိုင်ငံရေးအဖြေရရှိပြီး မြန်မာပြည်သူတွေကို ကူညီမှုပေးမှသာ ဒေသလုံခြုံအေးချမ်းပြီး စီးပွားရေးဖွံ့ဖြိုးနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
မင်းအောင်လှိုင်ကို မဲခေါင်အစည်းအဝေးဖိတ်ကြားမှုကို မြန်မာပြည်သူတွေက မကျေမနပ်ဒေါသဖြစ်ရပြီး အမျိုးသားညီညွတ်ရေးအစိုးရကတော့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ချစ်ကြည်ရင်းနှီးစွာဆက်ဆံဖို့ ကြိုးစားနေကြောင်း အသိပေးပြောကြားပါတယ်။တရုတ်နိုင်ငံဟာ စစ်ကောင်စီနဲ့ ဆက်ဆံနေရုံသာမက တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်တွေကိုပါ ဖိအားပေးမှုတွေ လုပ်ဆောင်လျက်ရှိသလို အခုအခါ ၎င်းတို့ရင်းနှီးမြှုပ်နှံထားတဲ့ စီးပွားတွေနဲ့ နိုင်ငံသားတွေကို ကာကွယ်ဖို့လို့ဆိုကာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး လုံခြုံရေးကုမ္ပဏီကို ဖွဲ့စည်းဖို့ လုပ်ဆောင်လာတာလဲဖြစ်ပါတယ်။

More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ