Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
April 30, 2026

စစ်ရေးအခြေအနေတွေကြောင့် “မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း” လမ်းပိုင်းကို MDY PDF ယာယီပိတ်

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) ထိန်းချုပ်စိုးမိုးရာ ဒေသဖြစ်တဲ့ “မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း” လမ်းပိုင်းကို လတ်တလော စစ်ရေးအခြေအနေများကြောင့် ယာယီသွားလာမှုများကို နိုဝင်ဘာ ၂၆ ရက်နေ့မှစတင်ပြီး ကန့်သတ်သွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) က ထုတ်ပြန်လိုက်ပါတယ်။

မန္တလေး PDF ထိန်းချုပ်စိုးမိုးဒေသတွေမှာ အကြမ်းဖက်စစ်တပ်ရဲ့ ထုတ်ကုန်များ ပစ္စည်းများကို တင်သွင်းခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းနဲ့ အသုံးပြုခြင်းများကို တင်းတင်းကြပ်ကြပ်ပိတ်ပင်သွားမှာဖြစ်ပြီး ဖောက်ဖျက်ကျူးလွန်မှုများကို စိစစ်တွေ့ရှိပါက ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

You may have missed