Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
September 14, 2026

နောင်ချိုမှာ စစ်တေပ် ထပ်မံ ဗုံးကြဲမှုကြောင့် ဒေသခံ ၂ဦးသေဆုံး၊ အခုလအတွင်း သေဆုံးသူ ၂၀နီးပါးရှိလာ

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ထပ်မံ​ဗုံးကြဲချမှုကြောင့် ဒေသခံ (၂) ဉီးသေဆုံးပြီး (၅) ဉီးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က သတင်းထုတ်ပြန်ပါတယ်။မနေ့က ညနေ ၃နာရီဗလာက်မှာ နောင်ချိုမြို့ ၊ ကုန်းကြီးကျေးရွာကို ဂျက်ဖိုက်တာနဲ့ ဗုံး(၂)လုံးကြဲချရာ ဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲပြီး ကျောင်းဝန်းထဲရှိ အသက် (၂၃) နှစ်အရွယ်အမျိုးသမီး ၁ဦးသေဆုံးကာ အမျိုးသား ၂ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။အလားတူ ညသန်းခေါင်ယံ အချိန်မှာလည်း ကံကြီးကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် (၃) ကြိမ် ဗုံးလာရောက်ကြဲချခဲ့လို့ ကျေးရွာအတွင်းသို့ ပေါင် (၅၀၀) ဗုံး(၁) လုံး ကျရောက်ပေါက်ကွဲပြီး ‌ဒေသခံ အမျိုးသား (၁)ဉီးထိမှန်သေဆုံးကာ (၃) ဉီးထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ လေကြောင်းကိုအသုံးပြုပြီး နေ့စဥ်ရက်ဆက် ပြည်သူများကို ဦးတည်ပြီး ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် နောင်ချိုမြို့နယ်တွင် နိုဝင်ဘာလ(၁) ရက်နေ့မှ (၂၁)ရက်နေ့အထိ ဒေသခံ (၁၇)ဉီး သေဆုံးပြီး (၂၆) ဉီးထိမှန်ဒဏ်ရာရရှိကာ နေအိမ်အများအပြားပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိရှိရန်၊ လူစုလူဝေးမပြုလုပ်ကြရန်နဲ့ လေကြောင်းရန် ကာကွယ်မှုဆိုင်ရာ အသိပေးထုတ်ပြန်ချက်များ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း TNLA ကအသိပေးထားပါတယ်။

You may have missed